#ပုထုဇဉ်
လင်းဆက်ပိုင်
အပြုံးတစ်ခု
မင်းလုပ်ခဲ့တယ်
တကယ်မင်းလုပ်ခဲ့တယ်ဆိုပေမယ်
ငါသာအပြစ်ရှိသူပါ...ငါဟာချစ်မိသွားတာ
ဘယ်သူမပြု မိမိမှု့ပဲ တဲ့
ဟုတ်တယ်မင်းမမှားဘူး
ငါလည်းမမှာဘူး
ဘာတွေမှားနေလဲ
ငါ့စိတ်တွေယိုင်ထိုးလဲကျတာ
မှားနေလား...မှားနေလား...မှာနေလား
အခုအချိန်ထိတော့
ငါ့ကိုယ်ငါ ပြန်မမေးရဲ
တကယ်ဆိုရင်
အမှန် အမှား တရာခံမရှိဘူး
ဖြစ်......တည်.......နေ....တဲ့...စိတ်..လေး.ပဲ
ပိုး မွေး သ လို မွေးလိုက်တာပါ
ဖြစ် ပြီးရင် ပျက်ရမှာ သေချာတယ်ဆိုရင်
မပျက်ပြယ်ခင်လေး မှာ
ဖြစ်ပျက်ကြားကာလမှာ
ပျော်ရမလား.......ခေါင်းမော့ရင်ကော့ရမလား
မျက်နှာလွှဲ ပြစ်ပယ် တစ်ဖက်သတ်လွမ်းရမလား
တရာခံ ရှာဖို့ လိုသေးလား
မလိုအပ်တာတွေဟာလဲ
တခါတလေလိုအပ်တယ်
လိုအပ်ချက်များ ပိုလျှံမေတယ်ဆိုတာမရှိဘူးလား
မသိတာများတာလဲ တစ်ခါတလေစိတ်ချမ်းသာတယ်
သိတာများရင်ဆင်ခြင်နိုင်တယ်မဟုတ်လား
ဒါ မယ်ဗျာ.........ကျွန်တော်က...ပုထုဇဉ်လေဗျာ။
#အဟောင်းလေးပါပဲ
Comments
Post a Comment