ဟစ်​သံ​တွေ

ဟစ် သံ တွေ
✖ ✖ ✖ ✖
ယောင်္ကျားကွ ဘက်တူရင်လူမရွေး
တုတ်ဓားမလို လက်ခမောင်းခတ်
အခုတက်လာပါဟ
ဒါဆို
စစ်သားတွေသေနပ်ကိုင်တာရော
ကြောက်လို့လား ဟင်
မဟုတ်သေးပါဘူး
အမျိုးစောင့်ဖို့ ကိုင်တာနေမှာ
ဘယ်အမျိုးလဲ မသိ
ဟိုဘက် ဒေါ့ ဒီဘက် အမျိုးများ
ခရို နီ နက် ပြာ ၀ါးးးးး
စုံစီနဖာ အမျိုးများ
*အမျိုးစောင့်တပ်မတော်ကြီးချီလာပါပြီ*
ကောင်းလိုက်တဲ့သီချင်း
အသံနေ အသံထား က
ရခိုင်ပေါက် မူဆယ်ပေါက် တာချီလိတ်ပေါက်
အသံပေါက်တော်တော်ကောင်းတယ်
ကီး ၀င်တယ် ပါဖောမန့်ကောင်းတယ်
လက်ခုပ်သံတဖြောင်းဖြောင်းနဲ့အားပေး
ဟာာာာာ
ပရိတ်သတ်လက်ခုပ်သံမဟုတ်
ခလုတ်နိပ် လက်ခုပ်သံတွေ
စပီကာဘောက်က ထွက်နေတာ
အသံတု အသံစစ်
အာ လုတ်သံကြီးနဲ့
အာ ကောင်းတယ်လေ
ဟောင်ဖွာဟောင်ဖွာ  အာ နေတဲ့ကျီး
ဒေါင်းယောင်ဆောင်တော့ပြဿနာ
ပုံပြင်ထဲမှာပေါ့ဗျာ

        လင်းဆက်ပိုင်

Comments