ပင်​လယ်​​ပျော်​တဲ့​ကောင်

ပင်လယ်ပျော်တဲ့ကောင်
✆ ✆ ✆ ✆ ✆
အချစ်က ကျယ်ပြောတဲ့ ပင်လယ်မို့
ငါ ရင်ဆိုင်ဖို့ ဒုက္ခသင်္ဘောပေါ်တက်လိုက်တယ်
လျှို့ဝှက်တဲ့ အဓိပ္ပါယ်တွေ အနက်ကောက်ဖို့

ခက်လိုက်တာ ငါကလေ
ဟို ပုဇွန်ဆိတ်မလေးလောက် တောင်မှ
ပင်လယ်ကို မကူးတက်....

ကူးဖြတ်လမ်းတိုင်း....
ဝဲဂယက်လှိုင်းတွေ ဟီးဟီးထလို့
ကြမ္မာငင်အောင်ကို ရာသီတွေ လှနေတာ

နှလုံးသားရေးရာကို စိတ်ဝင်တစား
မမျှော်လင့်သင့်တာမှာ  အပျော်ရှာ နေ
ရူးသွပ်တယ် အလွမ်းတးသွားတွေ...

ဘုရားပေးတဲ့ ဥာဏ်မှန်ပြောင်း
ငါ့တို့လိုက်နာဖို့ မေ့လျော့ဆဲ

အက္ခရာ၂ တဲ့
ဘယ်ရင်အုံမှာ တိတ်တခိုးထိုးထားတာ
ဆေးသားဖျော့တော့တော့လေး ၀ါး

ပင်လယ်ကို နားလည်းဖို့ကြိုးစားခဲ့ခြင်းအတွက်
နောင်တမရှိ......တွေ့ရှိမှု့ အနက်တွေ
သူလိုငါလို အသဲကွဲခြင်းကိုပဲ
ငါက ဋီကာချဲ့ရမလားကွာ...

ငါက ကမ်းမကပ်ဘူး
မုန်တိုင်းတွေထဲ သေတဲ့အထိ
စစ်မှန်တဲ့ အချစ်တစ်ခု ရှာဖွေရင်းသာ

လှိုင်းလေထဲမှာ ပျော်တဲ့ ပင်လယ်ပျော်ကောင်လေ

လင်းဆက်ပိုင်


Posted via Blogaway

Comments