ငါ ငါ ငါး

စကားလုံးတွေ အပြာသုတ်လိုက်တယ်
ချိုးငှက်ကို ခိုပြာရောင် သုတ်လိုက်တယ်

လက်ဆောင်အပြန်အလှန်လည်းလဲလိုက်ကြ
ဆွေးနွေးပွဲတွေ ရက်ရွေ့လိုက်တယ်

မျှော်နေသူတွေ သက်ပြင်ကိုယ်စီချလို့
ယုံကြည်တဲ့အတိုင်းမဖြစ်ဘူး

ယုံကြည်တဲ့အတိုင်ဖြစ်တယ်
ဈေးမတည့်သေးတဲ့ငြိမ်းချမ်းရေး

ငတေတွေ ငါ ငါ့ ငါ ငါ့
အေး ကောင်းရော

လင်းဆက်ပိုင်


Posted via Blogaway

Comments