ဝေ့သီလွမ်းဖူးတဲ့သီးချင်းသံ
♡ ♡ ♡ ♡ ♡ ♥ ♥
ဘဝရဲ့မြို့ရိုးမခိုင်ကျဉ်းလေတော့
အပြုံးတစ်ပွင့်နဲ့တင် ညွှတ်ကျ ခဲ့ပေါ့
ရေညှိတစ်ထပ် ရွှံ့တစ်ထပ်နဲ့မို့...
ကိုယ့်စိတ်ကို ပြန်မဖတ်နိုင်ခဲ့ဘူးကွယ်...။
အပြုံးတစ်ပွင့်ရဲ့သံဇဉ် များ...
ငါ့နှလုံးသားကို တီးခတ်လိုက်တိုင်း
ငါ့အက္ခရာတွေ ဆွံ့အ ....
တို့လို့တန်းလန်း သီချင်းတစ်ပုဒ် ပါ ချစ်သူ ။
ဘယ်လိုဝမ်းနည်းခြင်း ၀မ်းသာခြင်းတွေ
ငါ သွန်းဖြိုးရမလဲ မသိ မေးကြောကြီးတင်ထားယုံ
သက်ပြင်းတွေသာ ရယ်သွမ်းမောလိုက်တယ်
ကိုယ့်ရဲ့ အပြင်ထန်ဆုံးပေါက်ကွဲလိုက်တဲ့ ယဉ်ကျေးမှု့ ပေါ့ ။
ကိုယ်ယုံကြည်သလို ကိုယ်ဒေတာတွေ
Foderဖွဲ့ စုစည်းထားရင်း
ဒါကို ငါနားမလည်တဲ့ ပင်လယ်လို့ ခေါင်းစည်းတပ်မယ်
မျက်လွှာလေးတွေချလို့ ပင်လယ်ရနံ့ပဲ ရှိုက်သွင်းလိုက်တယ်။
မသေချာတာတွေများပြီး တွေခေါ်မှု့မျိုးစိတ်တိုင်းဟာ
ဝိရောဓိ တွေ ဆူးဖြိုးကြွယ်ဝနေရတာလည်း
မရှိခြင်းတွေထဲက ကိုယ့်ရဲ့ မ၀ရေစာ ခမ်းနားမှု့ပါပဲ
ငါ့သဒ္ဓါတရားတွေ မင်းဘာလို့သိမ်းပိုက်သွားတာလဲချစ်သူ။
အခုတော့ မှုန်မှုန်ဝေ့ဝေ့သီတက်လာတဲ့ မျက်ဝန်းမှာ
ငါ့ရေခဲမြစ်တွေအေးခဲမရတော့ဘူးကွယ်
ဦးတည်ရာမဲ့ စီဆင်းရင်း.....
ပုံဖော်ဖို့ကြိုးစားတိုင်း....မိုတွေညို့တက်လာတာ
ချစ်သူစိုမှာ စိုးရိမ်မိတယ်....
သာမန်ညောင်ည ငါလည်း အတောင်တွေခေါက်သိမ်း
ပျံသန်းခြင်းတွေ ရပ်တန့် ကောင်းကင်အဖုံးဖွင့်ဖို့
အိပ်မက်တွေ ၀ဲပျံဖို့ အတ္တတွေ လွင့်တင်ဖို့ ရပ်လိုက်ပြီးးးး
ငါကိုယ်တိုင် သော့ကို ပင်လယ်ထဲပစ်ချက်လိုက်ပါပြီ ချစ်သူ။
သက်တမ်းစေ့ကောက်ရိုးမျှင်လေး
မီးဟုန်းခနဲတောက်ခဲ့ပြီးပြီးလေ..
ချစ်လှစွာသော ညီမလေးရေ.. .
တော်ရာမှာ ပျော်စရာရှာဖွေပါဦးမယ်....
နှလုံးသားတော်လှန်ရေးတွေ သိမ်းထုတ်လိုက်ပါပြီ
အမှတ်တရ သက္ကရာဇ် တွေ အတွက်
ကျေးဇူး ကျေးဇူး ကျေးဇူး အထူးတင်ရှိကြောင်း....ပါ ချစ်သူ
လို့......သီချင်းသံအားမင်းရဲ့စိတ်မှာ မကြားချင်ယောင်ဆောင်ပေးပါ
အာခံတွင်မှ အသံမှမထွက်တော့တာ.......တစ်သက်လုံး *အ* လိုက်တယ်။
လင်းဆက်ပိုင်
Comments
Post a Comment