လရောင်ဝေးတဲ့ တနင်္ဂနွေ
.......လင်းဆက်ပိုင်
သူ(မ)ရဲ့အိပ်မက်မှု့ထဲမှာ
ကျွန်တော် ထိုင်နေလိုက်တယ်
အတွေးတွေ ဆက်စပ်ရင်းပေါ့
အိပ်မက်နှစ်ခု စီးဆင်ရန်
အိပ်မက်မြစ်ကကျဉ်းလွန်းတော့
ကျွန်တော်စီးဆင်းရတာ မွန်းကြပ်တယ်
သူ(မ)အတွေးများရဲ့ ပုံပြင်ဟန် ဆန်နေပုံ
လှပမှု့ ထဲ နှစ်မျော မိန့်မောနေရပြီ
စိတ်ရုပ်တစ်ခုလုံး ခက်ခဲစွာ မီးလောင်လိုက်တယ်
အပြင်လောကရဲ့ အော်သံတချို့ ....
အစမှအဆုံးပြန်နားထောင်ဖို့ အသံဟာမရှိတော့
ဒီအသံ ဒီလမ်း ဒီအိပ်မက် သူ(မ)
အချိုးအကွေ့ များ တကယ် ဘာမှ ...
သေချာ မှတ်မိမှု့ မရှိတော့ဘူး...
အိပ်မက်ထဲက အရာဝတ္ထုများ မင်နီတား...
လရောင်ဝေးတဲ့ တနင်္ဂနွေ ည လို့ ခေါင်စဉ်တပ်လိုက်တယ်.....။
Posted via Blogaway
Comments
Post a Comment