မှန်မှန် လိမ်တဲ့ သူ
♡ ♡ ♡ ♡ ♡
လူအုပ်ကြီးထဲမှာ ငါရှိနေတယ်
ငါစိတ်ကတော့ လူအုပ်ထဲမှာမရှိဘူး
သူ့မှာ လူတွေလိုခြေထောက်မရှိဘူး
စီးတော်ယဉ်လဲ မရှိပါဘူး
သူ့သွားနှုန်းက အလင်းထက်ပိုမြန်တယ်
ဘယ်ကိုရွေ့သွားတာလဲ.....
သိတဲ့အချိန်ကျတော့ အဲ့နေရာမှာ
မရှိတော့ပြန်ဘူး....
နောက်ဆုံးတစ်ခေါက်ပဲ ကျွန်တော်ဆီပြန်လာတယ်
ပြောသွားတယ် တိုညှင်းညှင်းလေး
စိတ်နဲ့ကိုယ်မကပ်ဘူးတဲ့
သူလွမ်းလွန်းလို့တဲ့...
ရင်ခွင်တစ်ခုထဲခိုဝင် ငိုကြွေးဖို့ရာ
လိုက်ရှာနေတာ နေရာအနှံ့  ပါပဲတဲ့
လူစိမ်းနံ့တွေပဲ သူတွေ့ရှိခဲ့....
သူသိလိုက်တယ်....
ဘဝတစ်ခုပျော်ရွှင်ဖို့
သူစိမ်းတွေထဲ ဟန်းဆောင်ပြုံးပြတက်ရတယ်ဆိုတာ
တိုးတိုးလေးပြောသေးတယ်
သင့်ယုံကြည်တဲ့သူကသာ
နောက်ကျောကို ဓားနဲ့ထိုးတက်တာပါပဲတဲ့
ကျွန်တော်အယုံကြည်ဆုံးသူက
ဘယ်သူလဲ
သူလား
အင်း
မှန်မှန်လိမ်နေတာ.....သိသားပဲ
လင်းဆက်ပိုင်
Posted via Blogaway
Comments
Post a Comment