အခု အချိန်မှာ
ငါလုပ်နိုင်တာ
သတိရတာပဲ
လုပ်နိုင်တယ်
သူ
သိသိ မသိသိ
သူရှိရှိ မရှိရှိ
မမျှော်တော့ဘူး
မခေါ်တော့ဘူး
မပြောတော့ဘူး
ဖရုံမသီးဘူး
ရုံးပနီသီးလို
ငါ
ကျိရွဲဖို့မတက်
နင်က ပိလောရွက်
ညူချွဲမြူလို့
ကလူးလို့လေ
မြင်မြင်သမျှကိုပ
အိနြေ္ဒတွေကို
ဘာနဲ့ဖြစ်ဖြစ်လဲခဲ့
စကားပုံတွေ
အားနာစရာ
ကုဋေတစ်သန်းတန်တာ
ဒိုလေးခြေထောက်ပါ
နင်ခြေထောက်ဝဲစွဲနဲ့
လျှာရိုးကိုးပေါက်
ခြောက်ပြန်သံပေနေ
ရှက်ဖွယ်လိလိ
မျက်နှာပေးက
ပြီတီတီကြီး
ဝင်လာမဆဲ
တသဲသဲတဲ့
ဝင့်ကြွားနေပုံ
သုံးထစ်ဆင်းစရာမလို
လက်ခုပ်သုံးချက်တီး
အိမ်တောင်ပြိုသဗျ
ဟ ကလေးမ
တလွဲကြီး တွေး
အဝေးကြီးဝေး
ဟီရီသြတပ္ပနဲ့
ရှက်စိတ် ကြောက်စိတ်
အဘယ်မှာလဲ
လောကနိတိ
မသင်ခဲ့ရရှာ
သြော်
သနာစရာ
သနားစရာ
အပယ်ဘုံမှာပျော်
သြော်
တော်တော်ကဲတဲ့
မော်ဒယ်ဂဲလေ
အခုဂဲ(ခဲ)တွေဝဲ
ဝဲ ၀ဲ ၀ဲ ၀ဲ
တစ်မျိုး လုံးတော့
ရှက်စရာကွယ့်။
Posted via Blogaway
Comments
Post a Comment