သို့

အိပ်မက်သစ် ကို တီထွင်သူ
သို့.............
♪ ♪ ♪ ♪ ♪
အကွက်ကျ လွဲချော်မှု့နဲ့ အိပ်မက်တွေ
ငါ့အသဲကို မီးကင် ၀ိုင်တစ်ခွက်နဲ့ လှပခဲ့တဲ့ည
လရောင်က ငါ့နံဘေး ရစ်ခွေလို့ စီးဆင်းလို့။

မာယာတွေကို မြတ်နိုးစွာ ယုယ
ပျင်ရိ ငြီးငွေ့စရာ ဘဝထဲ
သူ့ ခလောက်ဆန်မှု့နဲ့ အသက်ဝင် ပြာယာခတ်ခဲ့။

ငါ့နံရိုးတွေ ခင်းတဲ့တံတား
ရဲရဲဝံ့ဝံ့ နင်းလျှောက်လိုက်ပါ
သစ္စာတရား နဲ့ တည်ဆောက်ထားတဲ့
အလွမ်းလက်ဆောင် ငါခံတွင်းတွေ့လှရဲ့။

ငါတီထွင်ထားတဲ့ ယုံကြည်မှု့ ယန္တရား ကြီး
မင်းအပြုံးတစ်ချက်ကြောင့် စိတ်ဖောက်ပြန်
မင်းထုတ်ကုန် အမုန်း မုန်း တွေသာဖန်တီးပေါ့။

ချိန်သာမကိုက်တဲ့ ရင်ခွင်အုံမှာ
အခုဝေါဟာရအသေတွေပဲ ကြီးစိုး
အချစ်ဆိုလည်း
ဘဝခံနိုင်ရည်က သေခြင်းတရား ဆီ.....သို့။

ကရုဏာတရားကို တောင်းခံနေရတုန်းပဲလေ။

လင်းဆက်ပိုင်
—  with Manaw Phyu (remove), Bayint Naung Kothu (remove), Hnint Kuee May (remove), သရက် ရင်ကွဲသီး သီး (remove), Mayme Zaw (remove), Thuso Thawthu (remove), Ever Smile (remove), Zin Min Tun (remove), ကို ထွန်း (remove) and နိ ဒါန်း (remove)
Mobile Uploads · 30 August ·
Tag photo · View Full Size · Make Profile Picture · Edit Photo · Send as Message


Posted via Blogaway

Comments