Goodnight

မကြာခင်မှာ အိပ်စက်ချိန်ရောက်လာတော့မယ်ချစ်။
ထုံးစံအတိုင်း Sweety night ပေါ့ ချစ်သူ။
ငါ လွမ်းတယ် ။ သတိတရကို လွမ်းနေမိတာပါ။
အလွမ်းတွေရင့်မှည့်လို့ မကြွေအောင်ထိန်းသိမ်းရပါပြီ ချစ်သူ။
ကောင်းကင်မှာ ကြက္တိကာခေါ် ကြယ်ဖျောက်ဆိပ်တွေလည်း မိုးလေကင်းလို့ လင်းထင်းနေပါပါချစ်သူ။သူတို့က မင်းရှိရာလမ်းကို ညွှန်ပြနေသလို ပါပဲ။နတ်နိုးတဲ့လ ဆေးပေါင်းခတဲ့လပေါ့ကွယ်။ငါတို့အချစ်တွေ မယ်ဇီဖူးလို ခါးသက်သက် ဆေးဘက်ဝင်ပါတယ် ချစ်သူ။
ဆိုးရိမ်တာတစ်ခုကလေ ကိုယ့်ကို ချစ်သူက ပန့်သကူပစ်မှာတော့ စိုးမိတယ် ချစ်သူရယ်။ နက္ခတ် တာရာတွေ ၀န်းခတဲ့ ဒီလိုလမှာ အချစ်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွန်းလင်းချင်လိုက်ချစ်သူ ရယ်။နောက်ပြီလေ ချစ်သူနဲ့ ကထိန်ပွဲ ကြီး နွဲချင်တယ်။ဘဝအဆက်ဆက် ပါရမီရေစက်ဆုံချင်လှပေါ ချစ်သူ။
ခ၀ဲပွင့် ၀ါလွင့်လွင့်လေးတွေ နဲ့ ဆောင်းရနံ့သင်သင်း မြင့်မိုရ်တခွင်လင်းနေတာ ဒီလို ညမျိုးမှာ အဖော်မဲ့ အလွမ်းတွေနဲ့ ချစ်သူကို လွမ်နေပါကြောင်း နှုတ်ဆက်စကားလေးတစ်ခွန်းနဲ့ အိပ်စက်လိုက်ပါတော့မယ်ချစ်သူ။
Goodnight သာယာသောညလေးမှာ အေးချမ်းစွာ အိပ်စက်နိုင်ပါစေ။

လင်းဆက်ပိုင်


Posted via Blogaway

Comments