ကို J သီချင်းလို
♡ ♡ ♡ ♡
ကျွန်တော်ကောင်းကင်မှာ တိမ်တစ်အုပ်
ကျွန်တော်ဝန်းကျင်တစ်ခွင်
စိမ်း စိမ်း စို စိ
ဗွက်ပေါက်နေတဲ့ပီယာနို
အအေးမိ တုပ်ကွေးဖြစ်
နာရီစဉ်ကိုလှမ်းမေးကြည့်တယ်
ဘယ်အချိန် အဖျားပျောက်မလဲ
ပလက်ဖောင်းလေးက မျက်စောင်းထိုးတယ်
ဓာတ်တိုင်မီးသီးငုံ့ကြည့်တယ်
ကုရာနတ္ထိဆေးမရှိတဲ့
ူ မတိုင်ပင်ပဲ တပြိုင်တည်းပြောတယ်
နုညံမှု့တွေ အသံမမြည်နိုင်ခဲ့
အချစ်ဆိုတာ............
ခိုတစ်အုပ်ရုတ်တရက် ထပျံတယ်
ငါ့ထက်ညည်းတဲ့ကောင်
ထုံးဖြူဖြူစေတီ နဘေး
စိတ်လေလွင့် စိတ်အလေအလွင့်ကောင်
အရိပ်အာဝါသ ခူးစား
ခလုတ်ထိမှ အမိတသလို
အရည်ပျော်တဲ့ တိမ်တွေကင်းစင်
ငြိမ်းချမ်းတဲ့ကောင်းကင်
အဝေးကိုမစီးတော့တဲ့မြစ်နှစ်စင်း
အာသီသ အသေတွေနဲ့
အာသဝေါကုန်ခမ်း
Ko J သီချင်းလို
လူ .......
လုပ်တော့မယ်
လင်းဆက်ပိုင်
၂၉.၆.၂၀၁၄
၃း၀၀နေ့လယ်
ဲ
ှ
Posted via Blogaway
Comments
Post a Comment