Mind

**Mind Solitude*

သံယောဇဉ်ငရဲမီးတွေနဲ့
ငါ့အား လှောင်သလိုပြောက်သလို
လာပြီး ကျွမ်းလောင်ပါနဲ့ကွယ့်။

Solitude! liquid; gas
ငါမကြောင့်မကြပါပဲ ကလေးရဲ့
တိမ်တစ်စ ငွေ့ရည်ဖွဲ့
ငါ့ကြောင့်
ကလေး တစ်ကိုယ်လုံး
ရွှဲရွှဲစိုစွတ်မှာ စိုးရိမ်မိပါရဲ့။

စွဲလမ်းတမ်းတခြင်းမြတ်ရိုင်းများ
ငါ့ရင်ဘတ်
ပန်းမြိုင်လယ်ကျိုးကြေပျက်ဟာ
အသက်ရှူကြပ်တာ စက္ကန့်တံတွေမောပမ်း
အချစ်ဆိုတာ စိတ်နဲ့ကစားရတဲ့
မပျံသန်းရနယ်မြေကိုမှ
ပျံသန်းချင်တဲ့ငှက်
မာတိကာမပါတဲ့စာအုပ်
ကိုယ်တွင်းထင်ရှားတဲ့အမှတ်အသား
နူးကလီးယားပျိုးခင်း
ဖြေဆေးမရှိတဲ့ရောဂါ
ခါးသီးရက်စက်လှသောအချစ်များ
ရေမြှောကမ်းတင်ကမ်းနားသစ်ပင်
အမြစ်မကျွတ်ခင်လေးသာ။

            လင်းဆက်ပိုင်


Posted via Blogaway

Comments