မှော်ပေါက်သွားတဲ့ ကဗျာ တစ်ပုဒ်
လင်းဆက်ပိုင်
1
လင်းတောက်ရှ ပြာဝေရီ စိတ်မီးတောက်လေးယိမ်းက
မှော်ဆရာမလေးရဲ့ မန်းမှုတ်တေးသွားနဲ့ ...
သူ့ဂါထာများ ငါ့ရင်ခွင်မှာ စိုက်ဝင်နေရပြီကွယ်...
ကျေနပ်စွာနဲ့ ငါ့ကြေကွဲမှု့အပြုံးတွေ ခေါစာပစ်လိုက်ပါပြီ။
2
တစ်ကိုယ်လုံး မီးဟုန်းဟုန်းလောင်တောက် ခြေလှမ်းတိုင်းအပူလှိုင်းနဲ့ပေါ့
မှော်ဆရာမအလိုကျ ငါကျွမ်းလောင်စွာ အသုံးတော်ခံလိုက်တာဟာ လူသားဆန်မှု့တစ်ခုပါပဲ...
3
မှော်ဆရာမအတွက် ဒီညမှာ ငါ မှော်အောင်တဲ့ကဗျာတစ်ပုဒ်
ငါစိတ်ခံစားမှု့နဲ့ ကဗျာတွေရွတ်အံရင်း သိစိတ်နဲ့ မသိစိတ် စီးချင်ထိုးတော့မယ်..
ဒီကဗျာမှာ မျှော်လင့်ခြင်းဆိုတဲ့ သစ်သီး ဟာ မှော်အတက်နဲ့ လှတော့မယ်..
4
ဂြိုလ်တွေ လှည့်လည်နေတဲ့ ပုံစံနဲ့ တီထွင်ထားတဲ့
ပြက္ခဒိန် ထဲမှာ ငါပြောပြမယ် ရက်စွဲဟာ ရှိမနေဘူးလေ
ငါအသဲနှလုံးဟာ ငါဖန်တီးတဲ့သစ်သီးပဲ ဆိုပါတော့
ရိုးသားခြင်းနဲ့ဒီသစ်သီးကို မှော်အတက်နဲ့ ဘာလို့ပြုစားသလဲ...ဒီမှာ သေလောက်အောင်လှနေပြီ
5
လူကိုမသတ်ပဲ စိတ်ကိုသတ်လိုက်လား မှော်ဆရာမလေးရေ..
ငါ့နှလုံးသားက ရိုးသားခြင်းကွန်ခြာဘယ်လိုဘဲ ရွတ်ပွားရွတ်ပွာ ကျွမ်းကျွမ်းဆွေးရပေါ့ကွယ်..
ဒီတစ်ဆောင်းလဲ နှင်းတွေ အညိုအမည်း(မဲ)စွဲရော့မယ်
ငါ့ခြေလှမ်းတိုင်း ခြေအချမှာ မြေသင်းရနံ့တွေ ပုပ်အဲ့အဲ့
6
မှော်ဆရာမလေးရေ...
ဒီပွဲအတွက် ငါ့မှာ အနိုင်မရှိ အနိုင်လဲမလိုချင်ခဲ့ပါကွယ်
ဟော့ဒီမှာ ငါ့နှလုံးသွေးကို သောက်..မင်းကိုယ်ရောင်တွေ ၀င်းဝါ စွာ လင်းလိုက်ပါတော့...
7
ဟော့ငါမြတ်နိုးတဲ့နှင်းဆီခင်းတွေ မီးတောက်
အိပ်မက်ပျောက်ကောင်လည်း ဒုက္ခလှလှတွေ့အောင်
မှော်ပေါက်သွားတာ.....ဆန့်ငင်ဆန့်ငင် *က* နေတယ်....
Posted via Blogaway
Comments
Post a Comment