အနန္တ တနင်္ဂနွေထိ လင်းစေသား
လင်းဆက်ပိုင်
သတိရခြင်းကိုသယ်ဆောင်လာသော လေပြည်မီးတောက်နုနုလေးရေ...
နိုဝင်ဘာနှင်းမှုံပါးပါးလေးတွေ နွေးထွေးယုံ အလွမ်းဇောကပ်တဲ့ တနင်္ဂနွေ နံနက်လေးပါပဲ..
သောကစဉ်းငယ်မျှစိုစွန်းတဲ့ငြိမ်းချမ်းခြင်း ရင်ခုန်သံ သွယ်တန်းမှု့ ပါပဲ ကလေးရေ...။
ကျွန်တော်ချစ်သော မြီးကောင်ပေါက်ဆောင်းဦးလေးရေ...
နှင်းရည်နှင်းစက်တို့နဲ့ နှလုံးသားဝတ်ရည်တွေ
ချိုကြည်မွှေးစွာ ၀တ်မှုန်ကူးကြမယ်...ကလေးရေ
အရိုးပြာဖြစ်တဲ့အထိ ခရီးလမ်းတလျှောက်လင်းအေးကြည်ချို သံယောဇဉ် အနန္တတိုင်အောင် ပေါ့ကွယ်...။
ကလေးရေ ....
လောကဓံဆိုတာ ကျောင်းသုံး ၊ရုံးသုံး ဘာသာစကာမပါတဲ့ ပြဌာန်းချက် ပါပဲကွယ်...
မိုင်များစွာ ခြားနားခြင်းဟာလည်း အလွမ်းပြဌာန်ချက် ၊ဘာသာစကားမဲ့ ဘာသာစကားပါပဲကွယ့်....ဒီအလွမ်းတွေဟာစိတ်နဲ့သာ ကြားယောင်နိုင်မှု့ပါပဲကလေးရေ...။
ငါ့တို့ သွယ်တန်းထားတဲ့ စိတ်လိုင်းတွေ မြတ်နိုးမှု့များသာ စီးဆင်လျှက်ပေါ့ အချစ်တွေ ထိန်ထိန်သာနေပါပြီလေ...
ငါ့တို့ကြားကို ဘယ်လိုအရာတွေ လာကန့်သတ်မလဲ...ငါတို့ထောင်လိုက်တဲ့လှေခါးဟာ အဆင်းမရှိ အတက်ပဲရှိပါကလေးရေ...ဆက်လက်ချီတက်ကြပါစို့ ။
ကလေးရေ ငါတို့ရဲ့ အထီးကျန်နိုင်လှတဲ့ တနင်္ဂနွေ ကို တန်ဖိုးထားလေးမြတ်ထားပါတယ်ကွယ်..ဆုံမှတ်အလွဲတွေကြားမှာ အခုတော့ မှတ်မှတ်ထားထား လွမ်းလင်းဝင့်စား တန်ဖိုးထား ၊အံ့ချီစွ
၊ကြည်ပြာလင်းလိုက်ပါပြီလေ...
တနင်္ဂနွေ အနန္တကမ္ဘာတိုင် စိတ်ကြည်နူးစေသား။
Posted via Blogaway
Comments
Post a Comment