မလင်းပြာဖတ်ဖို့ အလွမ်းစာ ၁၀
လင်းဆက်ပိုင်
ကျန်းမာတော်မူပါစ။
ငါ့စိတ်တွေကတော့ ဇီဝက လာကု လည်း မပျောက်တော့ပါဘူး.....စိတ်စွဲဆိုတာ ချွတ်ဖို့ခက်သားဗျ။
ဆုံစည်းခွင့်မှမရှိတော့ရင် ငါ ရောဂါ .....။
အပြုံးတစ်ခု ထိုးခွဲသွားတဲ့ ငါ့ရင်ကြားက သံယံဇာတ ဆွေးဆွေးနီ လှနေပါတယ်ကွယ်။
ကူးလူးဆက်ဆံ ယဉ်ကျေးမှု့ များ....။
ဝါးညို့ရီဝေ စွာ တဂျုံးဂျုံးဖြတ်ကြိတ်သွားတာ
အသိုင်းအ၀ိုင်းရဲ့စွတ်ဖက်မှု့များ .....။
ငါ့မြတ်နိုးခြင်းဆိုတဲ့စကားမှာ အက္ခရာတစ်လုံးစာတောင် မညာခဲ့ပါဘူးကွယ်...။
လေးလံနေတဲ့စိတ်မှ ပေါ့သွပ်စွာ အလွမ်းတွေ
အရက်မူးသမားလို အပေအတေဆန်ပြစ်လိုက်တယ်။
ဣနြေ္ဒကြီးတခွဲသားနဲ့ ပင်လယ်မှာ ရေငတ်နေတဲ့ကောင်က ငါပါပဲ။
ချစ်သူတွေတဲ့ လွမ်းတာတောင် ရဲရဲလွမ်းခွင့်မရှိတာများ....။
တွေငိုင်လွမ်းမော ငါသတိရနေပါတယ် မလင်းပြာရေ...။
Posted via Blogaway
Comments
Post a Comment