မလင်းပြာ ဖတ်ဖို့ အလွမ်းစာ ၁၁
လင်းဆက်ပိုင်
မလင်းပြာရေ.....
စိတ်ပြူတင်းကိုဖွင့်ရင်း လမ်းအထက်က နာရီကိုအကြည့်....
စက္ကန့်တွေ ငိုင်ငိုင်ယိုင်းထိုးတဲ့ *က*ကွက်တွေနဲ့ ရပ်နေတယ်လေ...
ဘောင်ခတ်ထားတဲ့ သီးချင်းတွေဆို့လို့ပေါ့ကွယ်...
စိတ်ကနာရီနဲ့ ချိန်ထိုးကြည့်တော့....
နှလုံးသားရဲ့စီးဆင်းမှု့ ဟာ တံတိုင်းတွေ ပတ်လည်းဝိုင်းလို့ ကာရံထားတာ တွေ့လိုက်ရပေါ့။
ဒါဟာ မလင်းပြာနဲ့ ကျနော်ပါပဲ။
ပညတ်ထားတဲ့ တံတိုင်းတွေထဲ ဘယ်လောက်ကြာကြာ မျှော်လင့်ခွင့်ရှိပါသလဲ...
ဆောင်းဦးပေါက် မြတ်ခင်းတွေ ခြောက်သွေ့လို့
ရယ်သံနုနုလေးတွေ လေဖင့်ပျင်းရိ မြောက်ပြန်လေနဲ့ ပါသွားပြီလား...
ဇွဲကပင်တောင်ပေါ်မှာ ငါရောက်နေပါပြီ မလင်းပြာရေ....။
ဥဒဟို သွားလာနေတဲ့ လူတွေကြားမှာ ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ ထုံးမွမ်ထားပါတယ်...
မလင်းပြာ ခလုတ်တိုက်မိတဲ့အခါ ကိုယ်တို့ ရွှေအိပ်မက်တွေ သတိရပေးပါ....
အရောင်မထွက်တော့တဲ့ ကျောက်ခဲလေးဟာ ငါ့ဝိညာဉ်လေးပါကွယ့်...
ကိုယ်တို့နှစ်ဦးရဲ့ အချစ်တွေကို အနိုင်ပိုင်းသွားတဲ့ ကြမ္မာ.....
သူ့ကိုယ်ရေးရာဇ၀င်တွေ စုဆောင်း ဘယ်ခုံရုံမှာ ဆွဲချက်တင်ခွင့်ရှိလို့လဲ..
အခုတော့ စက္ကန့်နဲ့ အမျှ အမျှ အမျှ ခေါ်နေမိတယ်.....
သံသရာ အတွက် ရေစက်ချလို့ ငါ့အတွက် မလင်းပြာ သာဓု ခေါ်ပေးနိုင်ပါစေ...
Posted via Blogaway
Comments
Post a Comment