မလင်းပြာသို.....၁၂
လင်းဆက်ပိုင်
အနီးဆုံးဆိုတဲ့ ငါတို့ရေမြေထဲမင်းရောက်နေပြီလေ
ပြေးလွှားပွေ့ဖက်ချင်စိတ်တွေ ဟီးထလို့ပေါ့
စိတ်ကွန့်မြူးကြည့်တယ်
နောက်...
အိပ်မက်ကလန့်နိုးသလို လက်တွေ့မဆန်ဘူးကွယ်...
ကြာပါပြီ လေ
စိတ်ကူးထဲကအတိုင်း စိတ်ကူးတွေလည်း လေးဖင့်နေပါပြီ
၂ဦးကြားမှာ ထုထည်တွေကြီးမားစွာ ကာရံနေပေါ့
ဘာတစ်ခုမှ ကိုယ်တို့ဖန်တီးခွင့်မရတဲ့ပြက္ခဒိန်တွေ ၀ါညိုစွာ အော့အန်
ဒါတွေပဲ ပိုက်ထွေးလို့ ငုံထားရတယ်လေ
အဆိပ်တက်နေ့ရက်တွေ ဘယ်လိုကမ်းရိုးတန်နဲ့အပြိုင်ရှည်နေတာလဲ
သောင်ပြင်မှာ ငါ့ခြေရာတွေ အထပ်ထပ်
ဒါမယ် ခြေရာတွေမထင်ပါဘူးလေ
ကမာခွံတွေလို နှလုံးသားမာကျောချင်ပြီကွာ...
နှလုံးသားလည်းသွေးစို့နေတာကြာပြီကွယ်
ဒီလိုနဲ့ ငါ့နေ့ရက်တွေ မလင်းပြာကိုလွမ်းနေတုန်း..
ရင်ခုန်သံတို့ စိတ္တဇဆန်တုန်း...
အိပ်မက်တွေ လန့်နိုးတုန်း....
အစမှယနေ့ထိ ခေါင်ထဲမှာ ကြယ်လတွေသာနေတုန်း....
မလင်းပြာကို ရိုးမြေကျ ရူးသွပ်ချင်တုန်းပါပဲလေ
Posted via Blogaway
Comments
Post a Comment