ယုံကြည်မှု့ကိုထုဆစ်ထားတဲ့ ပန်းပု
လင်းဆက်ပိုင်
မျက်လုံးမှိတ်ထားဆဲ...
စိတ်ကူးတို့ဖောင်ဖောင်ပွ
လရောင်ဆမ်းသလို ရင်အေးချိုမြထားပြီ...။
အိုးးးပုံသဏ္ဍာန် အရိပ် အိပ်မက်တို့
ငါ့နံရိုးနဲ့တည်ဆောက်...
အဖြူ အမည်း မသဲကွဲလဲ
ကိုယ်ယုံကြည်ရာ ကန်းပြစ်လိုက်တော့မယ်...။
ဆုံမှတ်လေးမှာတော့ မြူတွေလှိုင်လှိုင်ပွင့်နေတုန်း...
အသာဖြေနေ့ရက်တို့အား....
ချစ်သူ့ ကို စိတ်ထဲမှာထည့်
ခွန်းချိုမြစကားတို့နဲ့ တီးတိုး ရွတ်ပွားရင်း
မျှော်လင့်ခြင်းတို့ တစစ အသက်ကြီးလာပေါ့။
စကြာဝဠာရိုးတလျှောက် ငါ့ခြေလှမ်းတို့
သုံညပြီးရင်းသုံညကြွင်း
ငါ့သစ္စာတရားတို့ဟာ အကြွင်းမဲ့ပါချစ်သူရယ်...
ရန်သူ့နယ်မြေထဲမှာ စီမံကိန်းဆောက်ရသလို...
ငါတို့နှစ်ဦးချစ်ဗိမာန် ဖျက်ဆီးခြင်းခံနေရတယ်...
အသက်ရှူသံတိုင်းမှာယုံကြည်ချက်ထည့်ထားလိုက်ပါချစ်သူ....
အောင်းပန်းတွေ လှိုင်လှိုင်ပွင့်မှာ သေချာတယ်။
အခုလောလောဆယ်တော့ ကိုယ်စီဒဏ်ရာတွေ အပြန်အလှန် လျှာနဲ့သပ်ရင်းပေါ့....။
Comments
Post a Comment