*ခေါင်းစဉ်မတပ်ချင်တဲ့ ကဗျာ*
လင်းဆက်ပိုင်(ကဗျာဖန်တီးသူ)
အမြဲလင်းဒေသဘယ်မှာလဲ
အပြာရောင်ကောင်းကင်ဘယ်မှာလဲ
စိန်လန်းစိုပြေအရိပ်တွေဘယ်မှာလည်း
ကျနော်မသိပါ....
သို့သော်...
လိမ္မာယဉ်ကျေးစွာ မိုက်မဲနေပါသည်။
ဓားအိမ်ထဲဝပ်တွားနေသောအလွမ်းများ
သံချေအထပ်ထပ် မချိပြုံးနဲ့ ...
ဓားတစ်ချောင်းရဲ့ ချောင်ကပ်နေရသောမာနများ
ကျနော်ဟာ လောကဓံကို ခုတ်ပိုင်းဖို့မေ့လျော့နေဆဲ..။(တမင်မေ့ထားခြင်းဖြစ်သည်)
နှလုံးဖောက်တဲ့နေတွေများခဲ့ပြီးပြီ
အမှတ်တရ နေ့တွေ သူမလာနိုင်တော့ပြီ
ရှားပါးလာတဲ့ အချိန်တွေနဲ့ *၀* မရှိဘဲ *၀ိ* လုပ်ချင်နေသည်
အနုပညာမြောက် ကဗျာတွေနဲ့ သူ(မ)ကို ဖွဲ့နွဲ့ခွင့်တော့....
သေတဲ့အထိ ဆက်ရေးနေဦးမည်။
မှားယွင်းမှု့တွေသာ နမ်းရှိုက် နေရပါသည်
စကားသံတို့ ပျောက်ကွယ်နေပါပြီ
ရင်ခုန်သံများကတော့ နာ ပြီးရင်း နာ နေသည်
ကျွန်တော့ ရူးသွပ်မှု့ အားးးဒဏ်များဟု တစ်စုံတစ်ယောက်လာ၍
ခေါင်းစဉ် တပ်ခြင်းကို လက်မခံပါ။...။
ပြီးပါပြီ စာတန်းမထိုးသေးပါ။
Comments
Post a Comment