ကျွန်တော် နှင့် ကျွန်တော်
အလိုမတူဘဲ စီးကျသွားတဲ့မျက်ရည်
သိပ်သည်းဆ မင်းလျှာ ပေါ့ပေါ့ပါးပါး
နီးစပ်ခဲ့တဲ့ဝေးလွင့်မှု့များ
သေဆုံးသွားတဲ့နုပျိုမှု့ဟာ
ဝဋ်နာ ကံနာ တစ်ခုလား။
အိပ်မက်သေရာသီထဲ လဲလျောင်
ရင်ခုန်သံတစ်ချက် မျက်ရည်တစ်စက်ပဲ
သာသာယာ ညံလျှံ ငြိမ့်ညောင်းရင်း
မျက်ဖြူလန် တဲ့ နေ့ ရက် များ...။
(ငါ့တွေးခေါ်မှု့များ
အိုးပုတ် ချိုးရုပ်(ဂျိုး)လို ကစား)
OR
(နှလုံးသားကို ထိပ်ပုတ် ခေါင်းပုတ်)
လာပြီး တုပ်နှောင်သွားတဲ့ ကြိုးတစ်ချောင်း
အတွေးရှုပ်အောင် ဖိအားပေးတာ
ကျန်းမားရေးတွေ ဆိုးနေပြီး။
Comments
Post a Comment