အရောင်မွဲတဲ့ ငါ့သစ္စာ
လင်းဆက်ပိုင်
ကျွံကျသွားတဲ့ စကားလုံးတချို့
ငါ့စကားတွေ အဆိပ်သီးဆိုရင်...
ချက်ချင်းရုပ်သိမ်းပေးပါ့မယ်...။
သူငယ်ချင်း ဆိုတာ နမ်းခွင့်မှမရှိပဲလေ
ဟုတ်ပါတယ်...
ငါက ရာသီမဲ့ကောင်ပါ...
ဘယ်လို အကြောင်းတရားမျိုးနဲ့မှဖူးပွင့်လို့မရတော့ဘူးလေ။
ရင်ဘတ်အောင့်လောက်အောင်ကိုရယ်မောခဲ့တယ်..
ငါ့ဘက်က အမြဲချစ်နေခွင့်ရှိနေသေးသလို
မင်းဘက်ကလည်း အမြဲငြင်းဆန်ခွင့်ရှိပါတယ်...
ဒါဟာလည်း ဆန်ကျင်ဘက်ထပ်တူ သီအိုပါပဲ..။
ဘာဖြစ်လဲ သူငယ်ချင်းရယ်...
မင်းသွားတဲ့လမ်းမှာ အရောင်မွဲတဲ့ကျောက်ခဲလေးတွေ့ရင် ငါကိုသတိရပေးပါ...
သုံညတစ်လုံးဖိုးလောက် တန်ဖိုးနည်းခဲ့လိုက်ပြီပဲကွယ်...။
အိုးးးငါ့သစ္စာ အရောင်မှိန်ဝါးစေသား။
Posted via Blogaway
Comments
Post a Comment