*သူကလေးနဲ့ ကျွန်တော် ရဲ့ စာအုပ်ထဲက အကြောင်းများ*
လင်းဆက်ပိုင် (neurosis)
မိုးချုပ်နေတဲ့မနက်ခင်းမှာ ငါ နိုးထလာပါပြီ။
ချိုးနှိမ့်ထားတဲ့ကြားက ခေါင်ထောင်နေတဲ့ အလွမ်းတို့...လွှမ်းစိုးနိုင်သူရယ်။စိတ်ကူးတွေ ချောင်ချောင်ကျ နွမ်းဖက်လွန်းနေပြီကွယ်။ကံကြမ္မာကတွေ့ဆုံခွင့်ပဲပေးပြီး အတူစီးဆင်းခွင်း မပေးတော့ပြီတကား။စို့နင့်ဖို့ဖန်လာပြီပေါ့ ။သာယာတဲ့လေပြည်ကြားမှာ အခု အလွမ်းရနံ့တို့ စူးရှလွန်းစွ။မသပ်မရပ်နဲ့ ဘဝက ကြေတွန့် ဖို့ ဖြစ်လာရပြီပေါ့။ငါတို့နီးစပ်မှု့ဟာ ဝေးလံခေါင်းပါး လွန်းပါပြီတဲ့လား။ချစ်သူကို ချစ်တယ်ပြောဖို့တောင်မှ အခွင့်မရှိလေတော့ စိတ်တွေဝါဖတ် သက္ကရာဇ်တို့စိမ်းရောင်သမ်းပြီပေါ့ကွယ်။လှိုင်းတံပိုးကြားကအိပ်မက်တို့ လူးလွန့်ကာ နစ်နေပြီလေ။သူကလေးနဲ့မှ ငါ့ဘဝမှာ အဆန်းတွေကြည့်ဖြစ်လို့ကွယ်။အမြဲတမ်းမာကျော ခဲ့တဲ့ကောင် လိမ့်ပိန့်လို့ ဂွမ်းပြီးရင်းဂွမ်းပေါ့။မလင်းပြာ၊ယုန်လေး၊Spy၊သော်တာလေး၊ တနင်္ဂနွေမလေး ၊
တင်စားမှု့မျိုးစုံနဲ့ ကဗျာရေးဖူးတယ်။သူနဲ့ပါတ်သတ်သမျှ အကုန်ကဗျာဖြစ်ခဲ့ဘူးတယ်။ကျနော်ပြေးထွက်ဖို့ကြိုးစားဖူးတယ်။မေ့ပြစ်ဖို့ကြိုးစားဖူးတယ်။ ခက်တယ် ပြေးထွက် မေ့ဖို့ ကြိုးစားခြင်းတွေ အချည်းအနှီးပါပဲ။ကျနော်အပေါ်
သူ့အရိပ်တွေ ဖယ်ထုတ်လို့မရတော့ဘူးလေ။
သူကလေး သိပါတယ် မဖြစ်နိုင်ဘူးဆိုတာကိုပေါ့။
သူကလေးရေ ငါ့ကိုနှစ်သိမ့်ပေးလို့ နီးစပ်ဖို့ကြိုးပမ်းနေတယ် ဆိုစကားနဲ့ ၊ခွန်အားတွေတိုးစေပေမယ့်
လက်တွေ့မဆန်တဲ့ စိတ်ကူးတွေပဲမို့လား။တနေ့ထက်တနေ့ ပိုဝေးကွာနေရပြီ လား။ ခိုးကြောင်းခိုးဝှက်နဲ့ နေ့ရက်တွေ လွတ်လပ်ရေးမရသေးတဲ့ တွေ့ဆုံမှု့တွေနဲ့ ကျွံကျနေလေရဲ့။ တူနှစ်ကိုယ် ကတိတွေကလွဲရင် ဘာမှ အကောင်အထည် မဖေါ်နိုင်သေးဘူးလေ။ သတ်မှတ်ထားတဲ့ တိကျတဲ့ဆုံမှတ် ဘယ်မှာလဲ။ မသိခြင်းကိန်းတွေ ရှာဖွေဖို့ ပေးထားချက်မရေမရာနဲ့ အချစ်စစ် တဲ့။
အဖြေက အဖြေက အဖြေတွေက မသိခြင်းတွေပါပဲကွယ်။
Posted via Blogaway
Comments
Post a Comment