ကျနော်နှင့်အလွမ်းမှတ်တမ်း
လင်းဆက်ပိုင်(neurosis)
ဘဝမှာမထင်မှတ်တဲ့ ကြိုးစလေးကကိုယ့်ကို အံ့သြဘနန်းဖြစ်စေတယ်...။အဲ့သလောက်မထင်ထားတာအမှန်ပါ။ခက်ခဲလွန်းတဲ့အခြေအနေနဲ့ လွမ်းနေရပြီကွယ်။ ကိုယ့်ရဲ့ဆောင်းဦးပေါက်က အလွန်တရာ လေးဖင့်လွန်းတယ်။ လေးမြတ် ယုံကြည်စွာ ချစ်မိခဲ့ပြီလေ။
ရင်ခုန်သံကို လာတီးခတ်ကြည့်ပါလား။
အသံတစ်ခုပဲထွက်လိမ့်မယ်။ဒါဟာ သူမကို အရမ်းမြတ်နိုးတွယ်ချစ်နှောင်ကြောင်းအသံပဲပေါ့။
ဝေးလံခေါင်ပါးလွန်းတဲ့အရပ်မှာရောက်နေသလိုပေါ့။ ချစ်သူနဲ့ဝေးနေရတာ၊အဆက်အသွယ်ပြက်နေတဲ့အခါ လွမ်းတယ်ဆိုတာထက်ပိုပြီး
သိပ်သည်းတယ် ၊ထုထည်ကြီးမားပါတယ်။ ဒီအလွမ်းကို ဖွဲ့နွဲ့ဖ်ို့ ဘာသာစကားပေါင်းစုံရဲ့ အက္ခရာတွေမြေလှန်ရှာကြည့်မိတယ်။နိုင်းတုမမှီသောအလွမ်းသာဖြစ်နေတော့ပြီလေကွယ်။ ကျွန်တော်က ကြီးမိုက်ပေါ့။
တည်ငြိမ်သင့်တဲ့အရွယ်ရောက်နေတာတောင်မှ ကလေးနဲ့တွေ့ပြီးနောက်...
အရာအားလုံးဟာ ဂလိုင်းဂလန်ဖြစ်နေတော့တာကွယ်။ ကလယ်ကလယ် အလွမ်းတွေနဲ့ နေ့ ည အမှတ်ရှိရှိ တမ်းတနေတက်ပြီလေ။ အခုရက်ပိုင်းမှာ ပိုမိုဆိုးရွားလွန်းတယ်။ စားမ၀င် အိပ်စက်မပျော် ခေါင်းတွေမူးဝေနေတယ်။
စိတ်တွေလည်းအစိုးမရ အလိုမကျခြင်းတွေနဲ့ အလိုလို စိတ်တွေတိုလို့။ ပါတ်ဝန်းကျင်မှာ ကျနော်နဲ့ အဆင်မပြေဖြစ်နေတယ်ကွယ်။
ငါ့နေ့ရက်တွေ မှုန်ရီဝေ မှောင်နေတယ်။
တစ်စုံတစ်ရာ ကို မျှော်နေမိတယ်။ အသံတွေမျှော်နေမိတယ်။ ဒါဟာ ကျနော်မိုက်မဲ့စွာသော ရူးအမူးပေပဲလား!။
ကျနော်ဆက်စီးဆင်းပါဦးမည်။ ပန်းတိုင်သို့ရောက်အောင်၊ သူ့နံဘေးနားရောက်အောင်၊ ပါတ်ဝန်ကျင်က လူတွေရဲ့ အတင်းအဖျင်းတွေလည်း ဂရုမစိုက်တော့ပါ။ ဝေဒနာဆိုတာ ခံစားရသူထက် ဘယ်သူပိုသိနိုင်မှာလဲ။
စာနာသောမျက်ဝန်း၊ကြည်လင်တဲ့အပြုံးတို့နဲ့ ငါ့ရင်ခွင်ကို မင်းလာနိုင်မယ့်တနေ့ ငါစောင့်စားရင်း ငါတို့စီးဆင်းမှု့တွေ မြစ်တစ်စင်းရဲ့ ရေအလျင်လိုဖြတ်တောက်မရနိုင်ဘူးဆိုတာ သက်သေပြကြမယ်။ ဒါဟာ ငါ့ အဇ္ဈတ္တထဲမှာစွဲမြဲနေတဲ့ ခံယူချက်ပေါ့။
ဆောင်းနှင်းကလေးတွေလှနေတယ်။
လမင်းကြီးလည်းကြည်လင်း၊လင်ပြာနေတယ်။
အိပ်မက်တွေလဲ ခိုင်မာထားတယ်။
ကြယ်ကလေးတွေ တီးတိုးသီချင်းဆိုနေတယ်။
သစ်ရွက်ကလေးတွေ တလှုပ်လှုပ်ယိမ်းကနေတယ်။
လပြည်လေညှင်းလေးတွေကသူတို့သံဇဉ်တွေကို ကမ္ဘာမြေအနှံ့သယ်ဆောင်တယ်။
ပကတိလှပမှု့တွေ ထုံမွန်နေတယ်။
ကျန်ာသူကို မူးဝေစွာလွမ်းနေတုန်း ငင်နေတဲ့သက်ပြင်းတွေနဲ့ လွမ်းတဆွေးနေတော့တယ်။
Posted via Blogaway
Comments
Post a Comment