ကျွန်​​တော်​နဲ့ သတ်​ပုံမှား​သော ၀ါကျတစ်​​ကြောင်း

ကျွန်တော်နဲ့သတ်ပုံမှားသောဝါကျတစ်ကြောင်း

လင်းဆက်ပိုင်

အမှောင်ရောင်တွေဖုံးနေဆဲ
လမ်းလေးတွေ ၀ါညိုနေဆဲ
အိုးးးးသမုဒယများနဲ့
ဟိုးးးကောင်းကင်ထက်မှာ
လေနှင်ရာလွင့်နေတဲ့တိမ်စလေးတွေ့ရင်
ငါ့ကိုသတိရပါလေ...

အိပ်မက်သစ်တွေတီထွင်ဖို့
နှလုံးသားအဟောင်းနဲ့
ယန္တရားဆန်တဲ့ ပြက္ခဒိန် တွေ
စိမ်းညို့ညို့ ....
စိတ်အငွေ့ပျံခြင်းတွေ
သူ့ဆီက ပြန်ကျမိုးတွေ မရွာဘူးကွယ်

အဲ့သလိုနဲ့
စိတ်တွေကြေခဲ့တယ်
ဘဝက မသပ်မရပ်နဲ့
အိပ်မက်ဆန်ပြစ်လိုက်ယုံနဲ့
လှပမယ်ထင်ခဲ့ပဲ
လက်တွေ့ဟာ စိတ်ကူးနဲ့
အချိုး ကလန်ကဆန်နိုင်လွန်းတယ်
ဒီလိုပဲ ....
ငါ့အရိပ်တွေ ငါ့ကို ခြောက်လှန့်နေတုန်းပါကွယ်..

ဟုတ်တယ်
အလင်းအိုတို့နဲ့
လေလွင့်ခြင်းလမ်းမများပေါ်
ငါ့ရဲ့နှုတ်ဆက်သီချင်းတွေသီရင်းပေါ့
နှလုံးသားရဲ့သံဇဉ်တို့
မိုးချုပ်သွားခဲ့တယ်လေကွယ်

ကလယ်ကာခြားတဲ့အလွမ်းနဲ့
ကံကြမ္မာ ကို စိတ်ကူးနဲ့
လက်ပမ်းပေါက်ခတ်ဖို့ထက်
ငါ ရယ်သွမ်းသွေးခဲ့တယ်
မိုးလေ၀သ မမှန်သော ရာသီများအကြောင်း
ခေါင်းငုံ့ထားလိုက်ပြီကွယ်

သောင်းသောင်ဖျဖျ
ကြိုသူမဲ့နေ့တွေပါကွယ်
တံဇဉ်ကိုကိုင် ငါ့မြတ်နိုးခြင်းတွေ
ငါကိုယ်တိုင်ရိတ်သိမ်းလိုက်ပါ့မယ်

အိုးးးသတ်ပုံမှာသောဝါကျတစ်ကြောင်းတွေ့ခဲ့ရင်
ငါ့ကို သတိရပါလေ
ချစ်သူဆိုတဲ့ အဓိပ္ပါယ် မှန်ကန်စွာပေါ့
မပေါင်းတက်တဲ့ကောင်
ယူဇနာသိန်းသန်းဝေးစေ
အလင်းနှစ်ကိုက်ချီသွားသော ပန်းသီးလေးဟာ ကိုယ်ပါလေ

အဲသလိုနဲ့ပေါ့
ငါ့ကမ္ဘာရဲ့ ထောင့်မှန်တွေ ယိုင်ခဲ့တယ်
အာရုံအလင်းတွေ စင်စင်သေဆုံးခဲ့ပြီး
လွမ်းအားကြီးစွာသော အလင်း၊အမှောင်တွေကြားမှာ
၃၁နှစ်သား အရူးတစ်ယောက် ....
လမ်းမတွေပေါ် ဗလုံးဗထွေး အလွမ်းတွေ တေးသီးရင်းးး
လွှင့် လွှင့် မျောနေတော့တယ်ကွယ်။


Posted via Blogaway

Comments