အကယ်ဒမီနဲ့ လွဲကြသူများ
လင်းဆက်ပိုင်
အစိုးမရတဲ့စိတ်ထဲမှာ စိုးမိုးနိုင်သူလေးရေ
စက္ကန့်တံတွေလည်နေသမျှတော့...
သတိရမိတဲ့
ငါ့အလွမ်းတွေ မူးတယ်....
ဆုံးဖြတ်ချက်တွေ တွေဝေနေရတဲ့အချိန်ပါပဲ
ဘာမှကို မစဉ်းစားချင်တော့ဘူးလေ
အလင်းတန်းတွေကို ဖမ်းဆုပ်ချင်နေတာ
ကျနော့ရဲ့ စိတ် ကစင့်ကလျားဖြစ်မှု့လား
သေချာတာတော့.....ကိုယ်ပိုင်အလင်းတွေပျောက်ကုန်ပြီ...
ရုပ်ရှင်တွေထဲကအတိုင်းပေါ့
မင်းအကိုက ငါ့ရဲ့လမ်းကို ဓားကြိမ်းကြိမ်းနေတာ
ခက်တာက ငါကလည်း ယိမ်းထိုးမသွား
ဓားတွေဆီသာ ဦးတည်
သူတို့ ခုတ်ပိုင်းချက်တွေ အရသာခံချင်နေတယ်လေ
ကူရာမဲ့ပေမယ့်ကွာ....
ဘေးရှောင်ဖို့ သွေးမကြောင်ခဲ့ဘူး
သူကလေးရော ဘယ်လိုလဲဟင်
ဘယ်ချောင်က ချောင်းကြည့်နေမလဲ
ဒါမှမဟုတ်...မလုပ်ပါနဲ့ ကျမတို့ချစ်ခြင်းကိုမခွဲပါနဲ့ (အဲ့သလိုပြေးထွက်လာပြီးပြောမလား)
ဘယ်လိုဇာတ်သိမ်းမှာ ကံကြမ္မာဒါရိုက်တာရေ
သေချာတာတော့ အကောင်းဆုံးအသဲကွဲသမားတွေ
အကယ်ဒမီမရကြဘူးလေ။
၂၂.၁၁.၂၀၁၄
Posted via Blogaway
Comments
Post a Comment