မလင်းပြာဖတ်ဖို့ အလွမ်းစာ ၂
လင်းဆက်ပိုင်
မလင်းပြာရေ...
ငါတို့ရဲ့ ဆုံမှတ် တနေ့နေ့ဆိုတာ
အလင်းနှစ်နဲ့ နီးမှာလား
အနန္တနဲ့ နီးမှားလား..
ဘယ်လို အသေင်္ချမျိုးနဲ့ နီးမှာလဲ.....
မလင်းပြာရေ
သိချင်စမ်းပါဘိကွယ့်
မျှော်လင့်ခြင်းများ လား
သို့တည်းမဟုတ် နားကျင်ခြင်းများလား..
ငါမတွေးရဲတာအမှန်ပါပဲ
အလွဲတွေရင်ဆိုင်ဖို့တော့ သတ္တိကြောင်နေတုန်းပါပဲလေ..
မလင်းပြာရေ
ဒီအရာတွေ တခါတလေ သတိလက်လွတ် မေ့ချင်တယ်
လှနေတော့တာပါပဲ
ငါ့စိတ်တွေပျောက်ရှလည်းပဲ
မင်းပုံရိပ်တွေ စိုးမိုးနေဆဲပါပဲကွယ့်...
မလင်းပြာရေ...
သိပါရဲ့လား
ငါကလေ မပျံသန်းရနယ်မြေကိုဖြတ်သန်းမိတဲ့ ငှက်လား...အတောင်းအလက်စုံလျှက် ပျံသန်းဖို့ ကောင်းကင်မရှိခြင်းလား...
ဒါဆို ငါ မိုးတိမ်းအကြောင်းမပြောတော့ဘူးကွယ်...
မလင်းပြာရေ..
ငါ့အလွမ်းမြို့ရိုးဟာ အုတ်မြစ်မခိုင်သေးဘူးလား
ငါအလွမ်း ဒီပလိုမာရတဲ့ ဗိသုကာ ဖြစ်ချင်ပြီကွယ်
ဘယ်ကျောင်တော်ကမှ သင်မပေးနိုင်တဲ့ပညာ
မလင်းပြာ မူနွဲ့နွဲ့ဟန်နဲ့ လာသင်ပြပေးပါလား
တနေ့နေ့တော့ ဖြစ်လာလိမ့်မယ်လို့...သာ
အာသာဖြေတေး ညည်းနေလိုက်တယ်ကွယ်
ကဗျာမဟုတ်ပါ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပါတယ်
Posted via Blogaway
Comments
Post a Comment