ကျွန်ပ်နဲ့ရင်တွင်းစကားများ
လင်းဆက်ပိုင်
(၁)ပျော်စရာဆိုတာဘာကိုခေါ်တာလဲ
ဆိုရရင်ဖြင့်
ကျွန်တော့အဖို့တော့
သူကလေးကို တခုတ်တရ လွမ်းနေရတာ
သူမရဲ့ ချက်ဘောက်မှာ သူလာမဖတ်နိုင်မှန်းသိရဲ့ ရင်ထဲကစကားတွေရေရတာ...
ပျော်စရာပဲပေါ့။
(၂)အိပ်မက်ဆိုတာ လူတိုင်းရှိရတယ်ဆိုလား
အိပ်မက်ဆိုတာ အနာဂတ်ရည်မှန်းချက်ကြိုတင်စီမံခြင်းဆိုလား
အိပ်မက်ဆိုတာ အရူးထခြင်းဆိုလား
မှန်းချင်မှန် မှားချင်မှားပေါ့
ကျွန်တော် အိပ်မက်ထဲမှာ ပျော်နေတုန်းပါ။
(၃)သေချာခြင်းမရှိသေးတဲ့ မြတ်နိုးခြင်းတွေ တွေးပြီးပျော်ဘူးတယ်
အဲ့သလို အပျော်နဲ့ အသားတကျနေနိုင်ဖို့
လွမ်းရဲ ဝေရဲတဲ့ သတ္တိတွေ အားတင်ပြီးမွေးမြူထားတာ
ဘယ်လောက်ကြာပြီလဲ
ကျနော်မမှတ်မိပါ၊မှတ်မထားခဲ့ပါ
ပျော်နေပါသည်။
(၄).......
.......
...
..
...
(၅)ကိုယ်တိုင်စီမံခွင်မရှိတဲ့သူ့ဆီက
ကျွန်နော် ဘာတွေတောင်းဆိုပြီးတော့
ကျွန်နော်ဘာတွေလိုချင်နေတာလဲ
ချစ်တယ်ဆိုတဲ့စကားနဲ့တင် သေပျော်ပါပြီကလေးရေ
အခုလည်း အရှင်လတ်လတ် သေနေပါတယ်...
ဘဝကို အသေထားလိုက်တယ်
သူ့တုန့်ပြန်မှု့ အနည်းငယ်မျှလေးတောင် ကျနော်မမျှော်လင့်တော့ပါ
နှုတ်ဆက်သီချင်းတွေ ကြားနေသလို ခံစားနေမိသည်။
သူကလေးရေ ကိုယ့်ကြမ္မာ ၀ အပ်လိုက်ပြီပဲလေ.....ကံပဲပေါ့ ဆုတွေမတောင်းချင်တော့ဘူးကွယ်။
ကတိတစ်ခုကိုပေးထားပြီးမို့
ဘယ်လိုပဲ ဝေးလွင့်ပါစေ
ကိုယ် ချစ်နေမှာပါ.....မသေမချင်ပေါ့။
Posted via Blogaway
Comments
Post a Comment