မလင်းပြာဖတ်ဖို့အလွမ်းစာ ၁၃
လင်းဆက်ပိုင်(neurosis)
မလင်းပြာရေ
ရှိုက်သံတွေထစ်ချုန်းနေပါတယ်
တိမ်စမှာ ငါ့ဘာသာစကားတွေသီလို့ပေါ့...
ငါ မရွာသွန်းပါဘူးကွယ်
ငါ့မျက်ရည်မိုးတွေ ညို့တက်နေလဲ
ရှင်ဥပဂုတ္တ ပင့်ပြီးတားခဲ့တယ်...။
လွမ်းလိုက်တာလို့ ငါမပြောချင်တော့ဘူးကွယ်...
နားထောင်သူမရှိတဲ့ ငါ့အလွမ်းတေးများပါပဲ
ခန္ဓာဗေဒစနစ်တစ်ခုလုံး စီးဆင်းနေတဲ့သွေးဆဲလ်တို့ကအလွမ်းတွေပေါ့
အလွမ်းတွေ ပွင့်ပြီးရင်းပွင့်နေပုံက အသိဥာဉ်တွေကန်းအောင် လှလွန်းတယ် ။
အလွမ်းသမားတစ်ယောက်ရဲ့ ကတုန်ကယင်နေ့တွေ....
အာသာငမ်းငမ်းတက်မက်မိတဲ့ သူ့အသံလေးတွေ.....
တနေ့နေ့ဆိုတဲ့ ချိန်ဆိုမှု့ဆုံမှတ်ကလေးတွေ
တသက်လုံးမခွဲဘူးဆိုတဲ့ ကတိလေးတွေ
ငါကဘာလို့ မှတ်မှတ်ရရ-မေ့မရနိုင်တာလဲ။
အသိ ၊ သတိ မေ့မောနေတဲ့ လူမိုက်ကြီးကလေ
သစ္စာပန်းတွေ ဝေ သမုဒယတွေရှည်လို့ပ...
ပြည့်ဝသော သတ္တိတွေနဲ့ ရဲရဲကန်းနေပုံက...
သို့ကလိုပ..။
ဆူးစူးမှာ မကြောက်လို့ပါကွယ်
ဒီလမ်းကို ငါရွေးချယ်ခဲ့တယ်
ကြမ်းကြမ်းထန်လွန်းပါစေကွယ်
သူကလေးသာ တစ်ချက်ပြုံးလိုက်ပါ
ဝဠာခွင်လုံး အန္တရာယ်တွေ
ခုတ်ရှင်းလို့ လင်းမြစေမယ်....
အခုတောလေ...
အခုတော့...
ပုံပြင်မဆန်တော့ဘူးကွယ်
Posted via Blogaway
Comments
Post a Comment