စိတ်​ပျက်​ရတဲ့အ​တွေးများ

စိတ်​ပျက်​ရတဲ့အ​တွေးများ

လင်းဆက်​ပိုင်

ဝေဒနာ​တွေရင့်​မှည့်
အဆိပ်​တက်​​နေဆဲ
ရင်​ထဲကစကားလုံးတို့
ပြည်​တယ်​နာလို ..
တဆစ်​ဆစ်​ ကိုက်​ခဲ...
ကို​ယ့်​အပူ​တွေ သူ့ကိုမကူး​စေချင်​တာ
ရင်​ထဲက ဆန္ဒအမှန်​ပါ
နေ့ရက်​တိုင်း
အားတင်းလို့အသက်​ရှူရင်း
ရှင်​သန်းခြင်​​တွေ စိတ်​ပျက်​လာတယ်
ဘဝတစ်​ခုတည်​​ဆောက်​ဖို့
ဘာဆိုဘာမှ မပြည့်​စုံချိန်​​ပေါ့
ခရီးကြမ်း​တွေသား ​လျှောက်​ရင်း
သူ့ကို မ​ခေါ်ရက်​ဘူး
ဒါမယ့်​ မခွဲနိုင်​ဘူး
စုံလုံးကန်းရမှာလည်း မ၀ံ့မရဲ
အ​ဖြေဟာ ခက်​ခဲနုညံ့စွာ
သိမ့်​​မွေ့လွန်းတယ်​...
အိပ်​မက်​​တွေအသက်​သွင်းဖို့
ယုံကြည်​ခြင်း​တွေ ဆက်​မက်​ဖို့
အားမရှိ​တော့ နွမ်းရိလို့​မောတယ်
အလင်း​ရောင်​​တွေ ပကတိ ပိတ်​​နေ​ပေါ့
ခပ်​မတ်​မတ်​ရပ်​​နေ​ပေမယ့်
လေညှင်းတစ်​ချက်​​ဝေ့တာနဲ့
ယိုင်​လဲမယ့်​ အ​ခြေ​တွေ မခိုင်​​တော့ပြီ
အချစ်​ အလွမ်းထက်​ ဘဝကြမ်း​တွေ
ဖြတ်​​ကျော်​ဖို့ ညနက်​​နေတဲ့အ​ကြောင်း
မ​​ပြောမပြီးမို့ ဘဝအမှန်​ကို ချပြချင်​တာပါ
သူ ပူ​လောင်​သွားမလား?
ငါ့စိတ်​​ရော စိတ်​ပျက်​သွားမလား?
ငါ....အမှန်​ကိုချပြယုံပါပဲ
လာရဲသည်​ဖြစ်​​စေ
မလာရဲသည်​ဖြစ်​​စေ
ကိစ္စမရှိပါ(​ထွေ​ထွေထူးထူး )
သူမသိ သူမရှိပါ
အိပ်​ပျက်​ညများနဲ့
ခံတွင်းပျက်​ ​နေ့ရက်​တို့
ကိုယ့်​အ​တွေးနဲ့ ကိုယ့်စိတ်​တို့
စကား စမြည်း​ပြောခြင်းမှာ
အ​ကြေအတွန့်​​တွေနဲ့ မို့....
ဒါ​ဟာ..
ငါ့ဘဝမိုးမလုံတဲ့ ​ခေါင်​မိုးအ​ကြောင်းပါပဲ။

Posted via Blogaway


Posted via Blogaway

Comments