သော်တာလေး...သို့ ၎
လင်းဆက်ပိုင်
သော်တာလေးရေ...
ငါတေလေဖြစ်မှန်းမသိ ဖြစ်နေပါပြီ
ငါ့ကိုယ်ရောင်ကိုယ်ဝါလည်း သူဖုန်းစားရောင်ဝင်းလက်
ရှာဖွေးခြင်းခရီးမိုင်တွေ ဘယ်မှာဆုံးမှာလဲ...
.........တနေ့နေ့မှာ ဆုံးလိမ့်မယ် ထင်ပါတယ်
သော်တာလေးရေ.....
ငါ နဲ့ မင်းတွေ့တဲ့အခါ ငါ့ကိုချက်ချင်းမင်းမှတ်မိပါ့မလား....
ငါ့အဖြစ်ကို မင်း သက်ပြင်းချ လှည့်ထွက်သွားမလား...
ဒါမှမဟုတ်...သနားသောမျက်ဝန်းနဲ့ကြည့်မလား...
ငါ့ကို ထွေးပွေ့ဖို့ ငါကမ်းတဲ့လက်ကို .....
ဘာမဆိုဖြစ်နိုင်ပါတယ်....
သော်တာလေးရေ....
ကြိုတင်တွေးတောမှု့ဟာ တွေးမှု့ထက်ပိုပြီး ဘာတွေလိုချင်သလဲ...
အမှောင်မှာနေရသူအတွက် အလင်းကို လိုချင်တယ်လေ....
ငါလည်း အဲ့သလိုပါပဲ မင်းဘယ်မှာ မှောင်နေလဲ
ဒီကမ္ဘာရဲ့ထောင့်တနေရာမှာ အလင်းရောင်ရှိနေလိမ့်မယ် ....
မျက်ကန်းတစ်ယောက်ရဲ့အလင်းငတ်မှု့လို...
ငါ ဆက်လက်ရှာဖွေနေဆဲပါပဲ.....
လမ်းမတွေက တေလေငါ့ကို ဖြာယောင်နေဆဲ.....။
Posted via Blogaway
Comments
Post a Comment