စွယ်တော်တွေ ပျံဝဲတော့မယ့် အချိန်
ယုန်ဖြူလေး
ရှင့်ရဲ့ထင်မြင်မှု့နဲ့ မှိုင်းတွေမတိုက်ပါနဲ့လား
ရဲရဲလွမ်းခွင့်မရှိတဲ့နေ့တွေနဲ့ ကျမ ပမ်းလျလွန်းမော ကို ရယ်
စိတ်တွေ ပြေးလွှားလို့ ရှင့်နံဘေးမှာ ကပ်လျက်ပါပဲ
မမောတမ်းသီချင်းသံတွေ နှလုံးသားနဲ့နာဆင်ကြည့်ပါလား *ကို*
မျှော်လင့်ခြင်းတွေ အမြဲခမ်းနားထားပါတယ်
အဆင်မပြေတဲ့ စက္ကန့်တွေခြောက်လန့်သံတောင်
ရက်ရာဇာ လို့ သတ်မှတ်ထားသူပါ *ကို*ရယ်
စိတ်ကူးအိမ်လေး မှာ *ကို*အပြုံးတွေနဲ့ တပ်ဆင်မိတဲ့ ဆည်းလည်းသံလေးပါပဲ
ကံစီမံရာ ကို တွန်းလှန်ဖို့ အားမွေးထားတယ်လေ
အရှင်လက်လက် တွေဆုံ ရိုးမြေကျ စီးဆင်းဖို့ နှလုံးသားကို ရှင့်အပြုံးနဲ့အားတင်ထားပါတယ်
အလွမ်းတွေနဲ့ ညတွေနေ့တွေကြားမှာ ကျမ မျက်ရည်စီးကြောင်းတွေ ရှင်မြင်ရဲ့လား
ထုထည်ကြီးမားလွန်းတဲ့ အိပ်မက်တွေဖေါ်ဆောင်ဖို့
ဇာတာစစ်စ၇ာမလိုပါဘူး *ကို*ရယ်
ယုံကြည်မှု့နဲ့ လမ်းတွေခင်း ပိတ်နေတဲ့ချုံတွေရှင်းမယ်
သာယာတဲ့ လမ်းကလေး ကျမတို့ဖန်တီးကြမယ်
ဒါဟာ ကျမရဲ့ အနာဂတ် တွေးခေါ်မှု့ဖြစ်သလို
ပစ္စုန်ပ္ပန် တည့်တည့်ကြည့်ခြင်းလည်းဖြစ်တယ်လေ
ဇွဲနဲ့ အရာအားလုံးကို ခုတ်ပိုင်ကြပါစို့
ထာဝရရဲ့ထာဝရပေါ့ မခွဲစတမ်း အိပ်မက်တွေထဲရှင်သန်းတုန်းပါ
မြတ်နိုးရသူ ကို ရယ်
Posted via Blogaway
ကြိုက်တယ်ဗျာ
ReplyDeleteတကယ်ကြိုက်တာပါ
ReplyDelete