ကျနော်နဲ့ သက္ကရာဇ် အလွဲများ....
လင်းဆက်ပိုင်
အိပ်မက်ကြီးတစ်ခုရဲ့ စိတ်လူနာဆောင်မှာပေါ့...
စိတ္တဇ နာမ်များ ၀င့်ဝေဖူးတဲ့အကြောင်း...
သတ်ပုံအမှားတွေနဲ့ ပုံပြင်တစ်ပုဒ်ရေးဖူးတယ်။
သိမ်ငယ်စွာ ရေးခြစ်လိုက်တဲ့
သူ့ရဲ့ပိစိကွေး အချစ်အကြောင်းပါပဲ
သူ့အထွာနဲ့သူ ခမ်းနားခွင့်ရှိခဲ့မယ်ဆိုရင်
နုံချာနွမ်းပါးလွန်းတဲ့ သူ့ဘဝလည်း လှနေမပေါ့။
ဓားနံရံအထပ်ထပ် မြားတွေလိုအကြည့်များရဲ့အောက်
သူမဲ့ရွဲလို့ လူလုံးလှအောင် ဝေဒနာတွေအော့အန်ခဲ့တယ်
နာဗ်ကြော သွေးဆဲလ်တို့ ကဆုန်ပေါက်
ခရီးလမ်းတ၀က်တပြတ်မှာတင် လဲကျခဲ့ရတယ်။
အဲ့ဒါ...
အိပ်မက်ကြီးတစ်ခုရဲ့ စိတ်လူနာဆောင်မှာ
လူပြောများ ဆဲ...
ချစ်စိတ်တွေ မွှန်ဝေနေတဲ့ မှော်ကဝေလို ကဗျာသေ သာဖြစ်တယ်
နှလုံးသွေးနဲ့ရေးခြစ်ခဲ့တဲ့ သတ်ပုံမှာသော ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တယ်။
Posted via Blogaway
Comments
Post a Comment