မလင်းပြာဖတ်ဖို့ အလွမ်းစာ ၁၄
လင်းဆက်ပိုင်
ငါ့အရမ်းလွမ်းတယ်....မလင်းပြာရယ်
နိုဝင်ဘာရဲ့နှင်းစက်တွေလက်မပြပဲထွက်ခွာသွားပါပြီ...
ဒီနိုဝင်ဘာရဲ့ အေးမြခြင်းလမ်းမထက်မှာ
ငါတို့တွေ ချိန်ဆိုထားတဲ့ ကတိတွေ ဘဝရဲ့အရေးအကြီးဆုံးမျှော်လင့်ခြင်းတွေ....
ယုံကြည်စွာဖတ်တွယ်ထားတဲ့ နိုဝင်ဘာမြို့လေး ....
သယာအေးချမ်းလို့ပျော်ရွှင်ခြင်းလေးတွေ...
တိုးတိတ်စွာသောာ စိတ်စေရာနဲ့တည်ထောင်မယ့် မြို့ကလေး ...
ဒီနိုဝင်ဘာမှာ အားခဲထားမျှတွေ...
မရှူနိုင် မကယ်နိုင် ဆိတ်ငြိမ်စွာနဲ့
ကြေကွဲလွှင့်ကျိုး အိပ်မက်မြို့ကလေး ပျက်သုန်းသွားတယ်လေ...
အထပ်ထပ်ပေးထားတဲ့ ကတိတွေလည်း မဆုံခဲ့ပြန်ဘူးနော်ကွယ်..
စိတ်မပျက်ပါနဲ့ မလင်းပြာရယ်....
ငါ့ရဲ့မျှော်လင့်ခြင်းအိမ်ဟာ မင်းရဲ့အသဲနှလုံးဖြစ်သလို
မင်းရဲ့မျှော်လင့်ခြင်းအိမ်ကလည်း ငါ့အသဲနှလုံးပဲ မို့လားကွယ်...
နှစ်အိမ့်တစ်အိမ်ဖြစ်လာဖို့မဝေးတော့ပါဘူး....လို့
ဟန်ကိုယ့်ဖို့ ဆိုသလို အားတင်းရင်း
အားပေးစကားတွေ ငါပြောမှာပါ...လင်ပြာရယ်...
စက္ကန့်အရွေ့လေးတွေတိုင်း..
တဖြည်းဖြည်း နီးလာပြီလို့ခံစားလိုက်ပါကွယ်...
အပ်ကြောင်းထပ်နေတဲ့ သတိရခြင်းတွေနဲ့ ငါလည်း အရမ်းလွမ်းနေတာပါ...
အဝေးကြီးလည်းမတွေးချင်တော့ဘူးကွယ်...
ပစ္စုန်ပ္ပန် မှာ ကိုယ်တို့တွေ စိတ်ဝိညာဉ်တွေ ပူးကပ်ထားရအောင်....
တာရာမင်းဝေကတော့အချစ်ဟာပြဒါးနဲ့တူတယ်တဲ့...
လောင်မြိုက် လှိုက်စားတက်တယ်တဲ့...
သေချာလောက်အောင်ဟုတ်မှာပါ....
ဘာပဲဖြစ်ဖြစ်ပေါ့ ငါက မြတ်နိုးလေးမြတ်မိမှတော့ ဖြစ်တည်မှု့အရှိတရားကို ဖတ်တွယ်နေမှာပေါ့ကွယ်...
လောလောဆယ်တော့ အတိုးတိတ်ဆုံးသော ...
မျက်ဝန်းသီချင်းတွေ နှင်းရည်တို့စိုစိုရွှဲ
ငါခုံမင်စွဲလမ်းသော အတ္တ စိတ္တဇနာမ်
အေးခဲထားရင်း.....
ဒီဇင်ဘာရဲ့ နှင်ကြမ်းကြမ်းထဲမှာ တကိုယ်တည်း....
ညတာရှည်ဆဲဆောင်း....
အချမ်းပိုနေဆဲ...
နှိုင်းတုမရသော ထုထည်နဲ့ အလွမ်းတွေ
ဖရိုဖရဲအသဲနှလုံးမှာငြိမ့်ညောင်းဝင့်ထယ် နှစ်ချို့အောင် ဆွံ့အထားဦးမယ်...နောက်ထပ်နိုဝင်ဘာကို မျှော်ရင်း.....
Posted via Blogaway
Comments
Post a Comment