စံပယ်ပုံပြင်....၂
လင်းဆက်ပိုင်
ထွက်ပြေးသူလို့ ခေါင်းစဉ်တပ်ခံရတဲ့ သူက ကိုယ်ရယ်ပါ
ကံကြမ္မာအချိုးအကွေ့မှာ ခုတ်ပိုင်းခံရတဲ့ စံပယ်ခင်းလေးရေ
ကိုယ့်ရဲ့မျှော်လင့်ခြင်းရောင်ခြည်တွေ
ညို့မှောင်ခဲ့ပြီလေ။
အနာဂတ်အကျိုးအကြေတွေ ဖွာလန်ကြဲနေတယ်
ဖြည်ဆယ်မရနိုင်သော အိပ်မက်သေများ....
ငါ့စိတ်ထဲအုတ်ဂူဖြူဖြူထက်မှာ
ဝိညာဉ်ဖြူဖြူလေးကစံပယ်ရနံ့သင်းတုန်းပါလေ
ဝေဒနာတွေ ဘယ်လိုများ အော့အန်ရပါ့မလဲကွယ်။
ရင်ခုန်နှုန်းဘင်ခရာသံတွေ ပွဲလမ်းသဘင်မဲ့နေတယ်
ငါ့အတွေးထဲ စံပယ်ရနံ့တွေစီးဆင်းဆဲ
တမလွန်က မင်းပြုံးကြည့်နေမလား?
ကိုယ်က အသက်ဓာတ်မဲ့နေတဲ့ အရူးတစ်ယောက်လိုပါလေ။
ဒီလို....
ငါ့ရှင်သန်ရာနေ့ရက်တိုင်းက အတိတ်မှာသာ
ခြောက်ခြားခြင်းအရိပ်တွေနဲ့ မွန်မွန်ဝေေ၀...
ငိုလိုက်၊ရယ်(ရီ)လိုက်
ကိုယ်စိတ်နှစ်ပါးသဟဇာတမကျသောနေ့များထဲ
ရုန်းထွက်ဖို့ မေ့လျော့နေဆဲပါ စံပယ်ရယ်
ဟာတာလှိုက်မော ဘဝနေမွန်းတည့်ချိန်
ကိုယ့်အရိပ်တွေ ကိုယ်ပြန်ရှာမတွေ့တော့ဘူးကွယ်။
Posted via Blogaway
Comments
Post a Comment