သော်​တာ​လေးသို့...

သော်တာလေးသို့.....၁

လင်းဆက်ပိုင်

သော်တာလေးရေ...
ဘယ်ရောက်နေသလဲကွယ်...
အလင်းတွေထိန်ထိန်တောက်လို့ လပြည့်တော့မယ်ကွယ့်...
သော်တာလေးပေါ်မလားသေးသပေါ့...
သူခိုးကြီးညဆိုပေမယ့် မင်းအလင်းရောင်ခိုးမယူပါဘူးကွယ့်...(ဆေးပေါင်းခတယ်ဆိုတာသိခွင့်ရမလား)

မင်းရဲ့အလင်းအောက်မှာ.. .
တ၀ူးဝူး ငါ့အလွမ်းတွေ
တဟူးဟူး တေးသီဖွဲ့ချင်ယုံပါပဲ
ဒီသံဇဉ်ဟာ ကမ္ဘာသုံး Noteထဲမှာတော့
ရှာလို့တွေ့မယ်မထင်ဘူးကွယ့်..။

သော်တာလေးရေ...ကိုယ့်အိပ်မက်တွေဟာ
အိပ်မက်ကျမ်း အဆူဆူ မှာ
အက္ခရာတစ်လုံးစာတောင်မှ
သေးသိမ်စွာ ရဲရင့်ခွင်မရှိပါဘူး..
မင်းနားမလည်းခြင်းအတွက်
ကိုယ့်မှာပုံနှိုင်းစရာလည်းမရှိတော့ဘူးကွယ် 
ဘယ်လိုပဲဖြစ်ပါစေ
ငါမျှော်လင့်ခြင်းမြှောက်ဖော်ကိန်းကိုမျှော်တယ်...
ကိုဆောင်းဦးလှိုင်လို အပိုဆု မတောင်းဘူး
ကျနော့်စိတ်တွေ မှုန်မှုန်မွှားမွှားဖြစ်တဲ့အချိန်ထိ....
ဟူးဟူးဟားဟား သီချင်းညည်းရင်းစောင့်နေမှာပါ..။

သော်တာလေးသို့....၂

လင်းဆက်ပိုင်

သော်တာရေ ....
တစ်လမ်းဝင်တစ်လမ်းထွက်
ငါသီချင်းတွေ သီဆိုရင်း ရှာဖွေခြင်းခရီးဆက်နေတယ်...
ငါ့သီချင်းဘယ်သူမှနားမလည်ကြဘူးကွယ်
အထိန့်တလန့် သော်တာလေးရော နားလည်မလား..
ဟူးးးးခြေဆင်း အပိုဒ် ....။

ညက နိုဝင်ဘာနှင်းရယ် လရောင်ရယ်...
လှပအေးစက် ငါ့တစ်ကိုယ်လုံးမှောင်နေတာ
ကျနော့်စိတ်တွေ ဗဟိုချက်ကင်းမဲ့နေပြီလေ
ထောင့်မှန်အကျိုးတွေနံဘေး
တေလေစကားတွေသာ ၀ရုန်းသုန်းကား..။

ကြယ်ကလေးတွေ မျက်တောင်ပုတ်ခပ်ပုတ်ခပ်လှောင်ပြောင်သံ
ငါရဲရင့်ဆူးရှစွာ ကြေကွဲရဲပါတယ်ကွာ...
အပြုံးတစ်ပွင့်နဲ့ လဲပြိုခဲ့တဲ့ည...
ပြန်ဆုံချင်သေးတယ် သော်တာရယ်...

သော်တာရေ...
ငါ နှလုံးသား ရဲ့ အက်ဆေးတစ်ပုဒ် ရေးချင်တယ်...
အဲ့ အထဲမှာ မျက်ရည်ရယ်
ခံစားချက်တိုလီမိုလီရယ်
စုံစီနဖာ ပတ်သတ်မှု့ရယ်
နှလုံးသား ဒိုးလျှိုပေါက် လျှောက်သူမဲ့လမ်းရယ်...
စိတ်ကူးတွေ မင်မလိုက်သေးတော့ ရေးဖို့ခက်တယ်...။

သော်တာရေ..
ငါလမ်းညွှန်မရှိတဲ့ လမ်းမှာ...
ရှာဖွေသလိုလို လေလွင့်နေတုန်းပါပဲ
ပန်းတိုင်တစ်ခု အနန္တမှာ ထင်လင်းနေတယ်လို့...စိတ်နဲ့ မြင်ယောင်ကြည့်ရင်း.....


Posted via Blogaway

Comments