ကျမ မသိတဲ့ကျမ
ယုန်ဖြူလေး
ရင်ထဲကအသံ တုန်ဟီးခွင့်မရှိဘူး ရှင်ရယ်
ပါတ်ဝန်ကျင်အကြည့်တွေက ဓားတွေလိုမိုးထားပေါ့
ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ဘာကိုခေါ်တာလဲ
ယဉ်ကျေးမှု့တွေထုံမွမ်းထားတဲ့ လူမျိုးမို့....
စောင့်ထိန်းသင့်တာတွေ ရင်နာရတဲ့အချိန်ပေါ့
ပြေးထွက်ချင်တယ်...ဒါမယ့်တွေဝေနေတယ်
လွန်ဆန်ခွင့်ဘောင်တွေကို မေမေမေတ္တာတရားကချွန်အုပ်ထားတယ်လေ
ချုပ်ချယ်မှု့များတဲ့ မေတ္တာတရားအောက်က..
တခါတလေ ကျည်ဆံရထားလို ထွက်ခွာချင်တယ်...
ဒါဆို ကျမ ကျေးဇူးကန်းသူလား...
အခန်းနံရံမှာ ၀ါညိုးနေတဲ့ပန်းချီ မကြည့်ချင်တော့ဘူး...
ခေါင်အုံးတွေ မိုးမိနေတာ ကြာပါပြီ
ဦးဏှောက် လည်း ဖားဥတွေစွဲလို့..
အဲ့အစက်အပျောက်တိုင်းက လေ သတိရခြင်းတဲ့....
လူမသိသူမသိသိမ်းထားရတဲ့မှိုတက်နေတဲ့ အလွမ်း...
အဲ့သလို ကျမ ခေါင်းစဉ်တပ်လိုက်တယ်။
Comments
Post a Comment