မလင်းပြာ ဖတ်​ဖို့ အလွမ်းစာ ၃

မလင်းပြာဖတ်​ဖို့ အလွမ်းစာ ၃

လင်းဆက်​ပိုင်

မလင်းပြာ​ရေ...
ဘယ်​လိုသီချင်းမျိုး သီဆိုဖူးသလဲ...
သီချင်​ထဲမှာ ကိုယ့်​ကို သတိရတဲ့အ​ကြောင်း​ရောပါရဲ့လား.....
ကိုယ့်​အတွက်​​တော့ မလင်းပြာဟာ ကိုယ်​ပိုင်​သံဇဉ်​ပါပဲ...
မ​နေမနား ဟစ်​ကျူး​နေမိတာ​ပေါ့..

မလင်းပြာေ၇..
ကိုယ့်​သီချင်းထဲမှာ အလွမ်း၊သတိရခြင်း၊ချစ်​ခြင်း၊
စသဖြင့်​ စုံစီနဖာ အရာရာဟာ မလင်းပြာသာဖြစ်​​နေခဲ့တယ်​​ပေါ့ကွယ်​...
သီဆိုပါများ​တော့ ရင်​ဘတ်​ကအသံ နာလာတယ်
ကိုယ်​က​တော့ မမှု့​ပေါင်​....
တချို့ဆို လွမ်းစရာ​တောင်​မရှိဘူးရယ်​လို့
ကြံဖန်​ပြီ အလွမ်း​တွေကို ဂုဏ်​ပြုလိုက်​​သေးသ​ပေါ့ကွယ်​..

မလင်းပြာ​ရေ...
ကိုယ့်​မှာ​မွေးရာပါ ​ရောဂါတစ်​ခုက..
တစ်​စုံတစ်​ခုကို မြတ်​နိုးပြီဆိုရင်​​လေ ရူးရူးတတကိုဖြစ်​​တော့တာ...
အခုလည်း နှလုံးသားက မလင်းပြာကိုပဲ
ရွတ်​ရွတ်​ချွန်​ချွန်​ လွမ်း​နေတယ်
လှေခွက်​ချည့်​ကျန်​ အလံမလှဲစတမ်းလွမ်း​နေမိတယ်​...
အရိုး​တွေကြွပ်​ရွ အ​ကြော​တွေတုန်​ချိချိဖြစ်​တဲ့အချိန်​အထိ.....လွမ်း​နေမှာပါ မလင်းပြာ....

ကဗျာမဟုတ်​ပါ တစ်​စုံတစ်​​ယောက်​ကို ရွယ်​ရည်​​ပြောချင်​တဲ့စကားများ စာစီထားခြင်းဖြစ်​ပါသည်​။


Posted via Blogaway

Comments