အကန်း= ဧရိယာပြင်​ပ

အကန်း =ဧရိယာပြင်​ပ

လင်းဆက်​ပိုင်

လကမ္ဘာကို ဖုန်းဆက်​လိုက်​တယ်​...
ဟဲလိုဆိုတဲ့ သြဥဆွဲသံ ကြားလိုက်​ရ
အလွမ်းတခြမ်း သတိရခြင်းတခြမ်း
ဆုံထဲမှာထည့်​​ထောင်းသံကို ယုန်​က​လေးကနားရွက်​​ထောင်​အရသာခံ​နေတယ်​...။

လ​ပေါ်မှာ ကန္တာရ​တွေ အိုင်းထွန်း​နေတယ်
ငါမြတ်​နိုးခြင်း​တွေ ဘယ်​လို့ရွက်​သစ်​​ဝေရပါ့
သင်္ခါရ ​တွေ စိန်းလန်းစွ ရနံ့​တွေ ကျိုက်​ကျိုက်​ဆူကြိုင်​လှိုင်​တယ်​....။

လရိပ်​မှာ ​လေဖမ်းဒန်းစီးချင်​တာဘယ်​သူလဲ..
လောကအမြင်​ရှိစမ်ပါတဲ့ အကန်းတစ်​​ယောက်​က​ပြောတယ်​..
မဖြူလို့ နက်​ တာ မဟုတ်​ဘူး...
အနက်​မို့ နက်​​နေတာပဲဗျာတဲ့...
အဲ့ ​ကောင်း​ရော....ဘဲ ။


Posted via Blogaway

Comments