ငါ့အသံအိုးကိုထိုးခွဲထွက်လာတဲ့စကား
လင်းဆက်ပိုင်
မင်းရဲ့အသိုင်းအ၀ိုင်းက
ဓားတွေ မြားတွေ လို စကားလုံးတွေနဲ့ထိုးနှက်တဲ့အခါ
ငါ့နံဘေးမှာ မင်းရှိနေပါစေ....
အိပ်မက်ယဉ်ဘူးတဲ့ စိတ်ကူးတွေအတွက်
ငါ့နံဘေးမှာ မင်းရှိနေပါစေ...
သုံညတွေနဲ့ငါ့ခြေလှမ်းတိုင်းမှာ
မင်းရှိနေပါစေ...
အနာဂတ်စီမံကိန်းတိုင်အတွက်ငါ့နဲ့ဖ၀ါးထပ်မျှ
မင်းရှိနေပါစေ...
ငါ့ကဗျာတွေထဲမှာမင်းရှိတယ်
ငါ့ရဲ့နေ့ညတွေတိုင်း အတွေးမှာမင်းရှိတယ်
ငါ့ရဲ့အရာရာထဲမှာမင်းရှိနေပါတယ်...
ဒါပေသိကွယ်..
တမြေစီမှာ မြစ်တွေခြား တံတိုင်းတွေခြား အိပ်မက်ထောင့်တွေကျဉ်းလွန်းတယ်ကွာ...
ယုံကြည်မှု့တွေသာ အတူစီးဆင်းခွင့်မရတော့ဘူးဆိုရင်.....
ငါ့ခန္ဓာကိုယ်က သွေးဆဲလ်တွေပြတ်
ငါ့အသက်ဓာတ်တွေ ထာဝရရပ်တန့်ခြင်းမှာ..
အဘိဓမ္မာတွေ သွေးဖြိုင်ဖြိုင်ထွက် လောကတစ်ခုလုံး တုန်ဟီးသွားလိမ့်မယ်...။
Comments
Post a Comment