မလင်းပြာဖတ်​ဖို့အလွမ်းစာ ၇

မလင်းပြာ ဖတ်​ဖို့ အလွမ်းစာ ၇

လင်းဆက်​ပိုင်

မလင်းပြာ​ရေ....
ငါ့နှလုံးသားက ​ဝေ​ဝေစည်​စည်​ ကြယ်​သီချင်း​တွေ ဘယ်​လိုလင်း​တောက်​ရမလဲ...
ဝါကျင့်​ကျင့်​ အလွမ်း​တွေ မီးစုန်း​တောက်​​နေရပါပြီ
မြစိမ်းလွင်​လွင်​ အသံ​လေး​တွေနဲ့ သစ်​ရွက်​သစ်​ခတ်​​တွေ ရယ်​​နေကြပြီ​လေ....

မလင်းပြာ​ရေ...
ဟော့ဒီ စကြာဝဠာကို ပျံတက်​ဖို့ အလွမ်းဖဲကြိုးဖြတ်
အချစ်​​တွေ အ​တောင်​အလက်​စုံစုံပျံဝဲချင်​ပါပြီ
တုန်​ခါလွင့်​လူး​နေတဲ့ စိတ်​​တွေ စက္ကန့်​နဲ့အမျှ.....
ူကူညီညာရုန်း​ပေး​တော့ပါလားကွယ်​...

မလင်းပြာ​ရေ...
ချစ်​စိတ်​​တွေ ​ကော့လန်​ ငါ့ရင်​ထဲမှာ ​နွေပြီးရင်​​နွေ....
နွေရာသီလမ်းက​လေး​ပေါ် ငါ​ငေးရီ ....
ဟိုးးးးး​ဝေး​ဝေးက အစက်​အ​ပြောက်​​လေးဟာ..
မလင်းပြာလား!!!
ဥဒစ္စ မျှသာ....

မလင်းပြာ​ရေ...
လူတိုင်း တစ်​ခါ ​တော့ ရူးကြတယ်
ငါ့ကျမှ တစ်​ဘဝစာ ရူးရပြီ​ပေါ့ကွယ်​...
အစွယ်​​ဖွေး​ဖွေကြမ္မာဆိုးက တို့နှစ်​ဦးကြား
အချိန်​ဆိုတာကြီးကို စည်းတားထားတာ မုန်းတယ်​...
ငါမျက်​​တောင်​မခတ်​ ... မင်းမျက်​၀န်းကို 
ကျောက်​ရုပ်​တရုပ်​ထက်​ကြာတဲ့အချိန်​အထိ ​ငေးကြည့်​ခွင့်​ ​ရောင့်​ရဲချင်​တယ်​....။


Posted via Blogaway

Comments