တိုက်​ပွဲ​ခေါ်သံ

တိုက်​ပွဲ​ခေါ်သံ

လင်းဆက်​ပိုင်

ငါတို့မနှစ်​မျိုတဲ့ ​နေ့ရက်​​တွေထဲ ငါတို့ရှင်​သန်​​နေရ..
ဒါကို ဘဝလို့တံဆိပ်​ကပ်​လိုက်​တယ်​ဆိုရင်
ငါ့တို့ဘဝဟာ ငါတို့နဲ့မသက်​ဆိုင်​သလိုပါပဲ။

ကြိုးစားရှင်​သန်​ရင်း အနာဂတ်​အ​ကြောင်းထက်
ပစ္စုန်​ပ္ပန်​ မှာ အ​ခြေမလှတဲ့ ဖြစ်​စဉ်​​တွေနဲ့
တွေး​ခေါ်ရပ်​တည်​ချက်​​တွေ ​ဘောင်​​တွေကွပ်​ခံရတာ
ဘာ​ကြောင့်​လဲ။

ကိုယ့်​ရပ်​၀န်းနဲ့ကိုယ်​ ​ခေါင်း​ထောင်းကြတယ်​ဆို​ပေမယ်
ငါတို့ ​မျှော်​လင့်​ချက်​​တွေ သင်​ကွပ်​ထားတာ...
အချိန်​​တွေ တိုင်​မင်​ကိုက်။ ။စီမံထားကြပုံများ။

ငါတို့လူမဖြစ်​ခင်​ အချိန်​ကတည်းကတဲ့ လား!!!
ငါတို့နင်းထားတဲ့​မြေပြင်​မှာ သူတို့တိုက်​ပွဲဝင်​သံ​တွေ ကြား​နေရဆဲ....။
အ​ခြေခံလူတန်းစား​တွေ လူ​ရောင်​​တောက်​ဖို့ တိုက်​ပွဲဝင်​ကြပါ တဲ့။
မြေပြင်​က တုန်းဟီးလို့ အား​ပေး​နေပြီ​လေ။

မျိုးဆက်​​တွေ တစ်​ဆက်​ပြီးတစ်​ဆက်
ယစ်​ပလင်​မှာ လည်​ဆင်း​ပေး​နေရတာ
ကန့်​ကွက်​ဖို့ ကျုပ်​တိုအားလုံးမှာ တာဝန်​ရှိတယ်
အရိုးကိုက်​​နေရတဲ့ငါတို့သွား​တွေ...
အာဏာရှင်​ဆိုတဲ့ သ​ရေကို ကိုက်​ဖြတ်​ကြရ​မယ်​...

သွေး​ကြောင်​ဖို့အချိန်​မရှိ​တော့ဘူး
စစ်​ကိုမုန်း​ပေမယ့်​ အမှန်​တရားအတွက်
ငါတို့ အသက်​​တွေနဲ့ လဲ
အနာဂတ်​ မျိုးဆက်​လှဖို့
စစ်​မှန်​တဲ့ လမ်း၊​ဘောင်​​တွေ
မျိုး​စေ့အမှန်​နဲ့ ဖွံ့ထွား​စေဖို့
ငါ့တို့​တွေကြိုးပမ်းရမယ်​....
သေ​ပြီးတဲ့​နောက်​ ​လမ်းစဉ်​​တွေမှား​နေဆဲ...ဆိုရင်
ဝိညာဉ်​အဖြစ်​ ဆက်​လက်​ဆင်​နွှဲကြမယ်
စစ်​မှန်​ရာ အမှန်​လမ်းကို ရဲရင့်​ကြပါစို့။
နှလုံးသား​တွေ လက်​ပမ်း​ပေါက်​ခတ်​ကြစို့။
ဥဒါန်းကျူးရင့်​ မဟာပထ၀ီ​မြေကြီး သိမ့်​သိမ့်​တုန်​​အောင်​...ယုံကြည်​မှု့​တွေ ဟီးထကြပါစို့။



Posted via Blogaway


Posted via Blogaway

Comments