မလင်းပြာ ဖတ်​ဖို့ အလွမ်းစာ ၁

မလင်းပြာ ဖတ်​ဖို့ အလွမ်းစာ ၁

လင်းဆက်​ပိုင်

မလင်းပြာ​ရေ....စိတ်​တံခါး​တွေပိတ်​ထားလည်းကွယ်
ဘယ်​လိုအ​ကြောင်းတရား​တွေပဲ​ စဉ်းစားစဉ်းစား
မလင်​ပြာပဲ ကြီးစိုး​နေ​တော့တာဘဲကွယ်​...
ငါ​ရေးတဲ့ကဗျာတိုင်းဟာ မလင်းပြာရနံ့​တွေကြိုင်​တယ်

လွမ်းတယ်​ မလင်းပြာ​ရေ....
ဟိုတုန်းကလို စကားလည်း မ​ပြောရ
ဖုန်းလည်းဆက်​လို့မရ
စိတ်​နဲ့ဆက်​သွယ်​ဖို့လည်း ခက်​ခဲ
အိပ်​မက်​ထဲမှာလည်း ရှာမ​တွေ့ ဘူးကွယ်

မလင်းပြာ​ရေ
ငါ့သတိရခြင်း ပြူတင်းမှာ နှင်း​တွေ​ဖွေး​ဖွေးလှုပ်​ ခ ​ပေါ့
ငါ့အလွမ်း​တွေ ​ဝေ့၀ါးလိုက်​ရ​တော့မှာလားကွယ်
၃၀​ကျော်​မှ ​ဆောင်းဦး​ပေါက်​ချင်​​တော့ ခက်​သားကွယ့်
အိပ်​မက်​လိုလို အိပ်​မက်​မျိုးပဲ မက်​လိုက်​ရတာလား

မလွမ်းပြာ​ရေ
ငါ့စိတ်​လွယ်​အိတ်​ထဲမှာ မင်းနဲ့ပတ်​သတ်​တာ​တွေပြည့်​လျှံ​နေ​ပေါ့
ခက်​​နေတာက ​ဆုံမှတ်​တချို့အတွက်​ စကားလုံး​တွေရှိမ​နေဘူးကွယ်​...​..
ပြက္ခဒိန်​​ပေါ် ​မြေပုံ​ပေါ် ဘယ်​လို စ​ကေးနဲ့ မှတ်​ထားရမလဲကွယ့်​...
ရှိပါ​စေ​တော့ တ​နေ့​နေ့လို့ပဲ မှတ်​သားလိုက်​ပါပြီ​နော်​..


Posted via Blogaway

Comments