*အပြုံးတပ်ဆင်ထားတဲ့ကောင်လေး*
........လင်းဆက်ပိုင်
ကံကြမ္မာ မျက်နှာသာမပေးတဲ့
အမြဲတမ်းမျှော်လင့်ခြင်းနဲ့ဝေးရာမှာ
နေရတဲ့ကောင်လေးပါ
ခံနိုင်ရည်စွမ်းအင်တွေ မလျော့ရဲ့ဖို့
အားတင်းနေရတဲ့ ကောင်းလေးလည်းဖြစ်တယ်။
ဖြစ်ခဲ့တယ်ပေါ့ အကျိုးအပြတ်တွေ
ဘဝတစ်လျှောက် ခြေလှမ်းတွေမူးရီလို့
ပေါ့ပါးဖို့ စိတ်လေ့ကျင့်ခန်းတွေ လုပ်နေရ
ကိုယ်ဖော့တက်ပေမယ့် စိတ်မဖော့တက်သေးတဲ့ ကောင်လေး။
အရိပ်တွေ ခြေရာတွေ .....
ဥသြတေးတွေသာ ကျူးရင့်ရတာလွမ်းမော..
ချစ်ခြင်းမေတ္တာကို ဆောင်းကြိုးညှိချင်တဲ့
သောကကြွယ်တဲ့ ကောင်းလေးပါ။
စိတ်ကိုလှန်ဖတ်တိုင်း အမှားတွေ ရဲခနဲ့ပေါ့။အဲ့လို တမူထူးခြားတဲ့ ကောင်လေး။
နုညံ့ခြင်းနဲ့ သွေးတက်နေတဲ့ ကောင်းလေး
သူ့အသံတွေ တွန့်လိမ်ကွေ့ကောက်
လောကဓံကို အံကြိတ်လို့ အရှုးမပေးချင်တဲ့ ကောင်းလေး
ဝပြဲလန်အောင် ဒဏ်ရာတွေကျက်စီးထားတဲ့ကောင်းလေး
အခုပြုံးနေတယ်...
အဓိပ္ပါယ် တွေ ပြွတ်သိပ့်ကျပ်နေတဲ့ အပြုံးနဲ့ ကောင်းလေးပေါ့။
Posted via Blogaway
Comments
Post a Comment