ချစ်သူအတွက် တနင်္ဂနွေ သီချင်းသံ
လင်းဆက်ပိုင်
0 0 0 5 17 |6___|0 0 05 17|6 ___|0 0 05 17
ငါ့ရဲ့ တနင်္ဂနွေ သံဇဉ်ပါပဲ...
တုန်ခါ နေတဲ့ ကြိုးလေးတွေရဲ့အသံ မင်းကြားပါစ...ချစ်သူ။ငါ့ရင်ခွင်ဟာ အိုမင်းနေတဲ့ ဂစ်တာဆိုပေမယ်....သံဇဉ်တွေလှပတုန်းပါပဲကွယ်....ရင်လှိုင်းခတ်သံ တုန်ခါမှု့များ ချစ်သူအပါး
ခစားဖို့ လွင့်တင်လိုက်ပြီလေ...
အာရုံပေါက်ကွဲမှု့ပါပဲလေ...
ငါ့တို့ရဲ့ တနင်္ဂနွေ လေး ဖျားနာနေဆဲ...
ယုံကြည်စွာ ပန်းတိုင်းကို ငါတို့ ဇွဲနဲ့ ရှင်းခုတ်ထွင်းကြမယ်...ချစ်သူရေ...။
စက္ကန့်တိုင်း သတ္တိတွေ ဖွံ့ထွားအောင်းမွေးမြူးထားပါ ချစ်သူ။
ငါ့တို့လမ်း ငါတို့ ဖန်တီးခွင့် ငါတို့ အိပ်မက်တွေ
ဘယ်လိုအရာကမှ မဖျက်ဆီးနိုင်ပါဘူး ချစ်သူ။
ငါတို့ရဲရင့်ခြင်းတွေနဲ့ ရင်ဆိုင် အနိုင်ယူလိုက်ကြမယ်...လို့ စကားတော်ပါးရင်းနဲ့ပေါ့....Goodmorningပါချစ်သူရေ.....နာရီဒိုင်လွက်ထဲက စက္ကန့်တံဟာ ပြုံးရယ်ရွှင်နေပြီလေ....သာယာလှပတဲ့ အချိန်များပဲ ပိုင်ဆိုင်နိုင်ပါစေချစ်သူ....။
Comments
Post a Comment