သော်တာလေးသို့....၃
သော်တာလေးရေ...
အလွမ်းဆိုတာ ကိုယ့်အသဲကို ကိုယ်ပြန်ပြီးဓားထောက်ခြင်းပဲ...
ငါ့ရင်ထဲမှာ မီးတောက်ပြာပြာလေးတွေ ယိမ်းနွဲ့ 
လျှို့ဝှက်တဲ့ အက္ခရာ နဲ့ တည်ဆောက်ထားတဲ့ ကျမ်းစာဟာ...အချစ်တဲ့
တရွာ တပုဒ်ဆန်းတယ်...
ဘယ်မှာလဲ စစ်မှန်းခြင်းတွေ...
ဒဏ္ဍာရီပေါင်းများစွာထဲမှာ နတ်တို့ဖွတ်ထားတဲ့ အက္ခရာ
သူ့မျက်ဝန်းမှာ ....
သူမျက်နှာလွှဲ စကားလုံးတွေနဲ့ ပြစ်ပေါက်လိုက်တဲ့အခါ
စကားလုံးမှာ လျှပ်စစ်ဓာတ်များပါဝင်သလား..
ရင်တစ်ခုလုံး ကျဉ်တက် ဟီးထ သွား..
အသိမ်မွေ့ဆုံး စုတ်ပြတ်သွားတဲ့ ရင်ခွင်မှာ
ဖရိုဖရဲ သံစဉ်တွေရှိနေတယ်....
သီဆိုသူသာ နားလည်နိုင်စွမ်းတဲ့ သီချင်းပါပဲ
သံယောကြိုးဆိုတာ ဘယ်သူမြင်နိုင်သလဲ...
ဒီကြိုးကို တီးခတ် ငါ လေးလွင့်နေတုန်းပါပဲ...
မရေရာခြင်းနဲ့ ထော်လော်ကန့် လန့်  ခရီးပါ
ဖွာလန်ကြဲ ပတ်ဝန်းကျင်စကားများ...ငါ့ကိုလက်ညှိုးထိုးကြ
ငါကတော့ ခပ်မှိန်မှိန်လင်းတဲ့ မင်းအပြုံးတွေ့တဲ့အထိပေါ့
.......
အချစ်တွေသဲကြိုးပြတ်လည်း ခြေဗလာဆက်လျှောက်ဦးမယ်...။
Posted via Blogaway
Comments
Post a Comment