အစိမ်း(သည်)သယ်
သရုပ်မှန်ဘဝအကြောင်း
စာလုံးပေါင်းတွေမှားတုန်းလားတဲ့
ဘဝ....မျက်ဖြူလန်စွကွယ်
ဒဏ်ရာတွေ ပြဲလန်အောင် ၀ဖီးနေတာ
ကံကိုမရိုးဘူး
မျိုးရိုးစဉ်ဆက်မွဲပြာကျတာမရိုးဘူး
ဘာကိုမှရိုးမယ်မဖွဲ့ချင်တော့ဘူး
ဖြစ်တည်မှု့တွေ အကုန်လုံးက
ရွံ့မုန်းခြင်းတွေ နဲ့ ။
အဖြစ်နည်းပြီး အပျက်များတဲ့
ဲ့လောကမှာလူဖြစ်ခြင်းကိုက
ဘဝလို့ ခေါင်းစဉ်တပ်လိုက်မယ်
ဘယ်သူတွေ စီမံနေတာလဲ
မေးနေတာကိုက ရူးလို့ပဲ။
ဒေါသမာန်ဟုန်ပြင်းပြင်းနဲ့
ငါ့အာသာတွေ ရိုက်ခွဲချင်တယ်
အမြင်တွေေ၀၀ါးအောင် ပုံစံတွေနဲ့
IQ၊EQ ခပ်နိမ့်နိမ့် လူသားစက်ရုပ်လို
ကောင်းကင်တစ်ခုလုံးစိမ်း
အသံစိမ်းစိမ်းတွေ ထစ်ချုန်းနေသမျှတော့
ပျိုးပင်မှန်သမျှ သူစိမ်းတွေပဲ ဖူးပွင့်မပေါ့
ကျွန်တော့တွေးခေါ်မှု့ အကုန်းမှားနေလား
ဒီသစ်သီးတွေပုပ်နေသမျှတော့
ပိုးလောက်တွေပျော်နေမှာပေါ့။
Posted via Blogaway
Comments
Post a Comment