လောကခေတ်ဦး တေးတစ်ပုဒ်
လင်းဆက်ပိုင်
ကောင်းကင်းနဲ့မြေပြင်ထိစပ်တဲ့နေက...
သူနဲ့ကျနော် အပြုံးတွေမိတ်လိုက်ခဲ့ကြတယ်...
ဒါဟာ မသိမှု့နယ်ပ်ါက ၀တ်မှုန်ကူးမှု့ပါပဲ။
အဲ့ဒီ့နေ့က *က*မှ *Z* ၊*A*မှ *အ* အထိ
အက္ခရာတွေကုန်အောင် ပျော်ခဲ့ကြတယ်...
ရောမဂဏာန်တွေ မပြောဖြစ်ခဲ့ (ရောမမြို့ကြီးမီးလောင်နေခြင်းကြောင့်)
လူမိုက်တစ်ယောက်ရဲ့ ရင်ခွဲအက္ခရာများဖြစ်ခဲ့မယ်လို့...
အ၀ါရောင်ဟာ ၀ိတ်တက် အ၀လွန် အရေးပေါ်အခြေအနေများဖြစ်ခဲ့ရ။
ကောင်းကင်နဲ့ မြေပြင်ကြာက လေထုထဲ အတောင်ပံခတ်သံ သူ မကြားရတော့ဘူးတဲ့
အိပ်ချင်ယောင်ဆောင်တဲ့သူဟာ နားကန်းတက်တာပဲလေ...
ဝ မရှိပဲ ၀ိ လုပ်တဲ့ စိတ္တဇနာမ် တဲ့
အရိုးပြိုင်းပြိုင်းသစ်ပင်ထက်က ဥသြသီချင်းသံများ
အသက်ရှူ့ခဏရပ် သီချင်တစ်ပုဒ်စာ သေပေးလိုက်ပါတယ်...
နောက်ထပ် ဖန်တီးမှု့ ထပ်မလုပ်လိုတော့ပဲ ဂန္ထ၀င် ဟန် အတိုင်း ထားခဲ့လိုက်တယ်...။
ဒါဟာ ကျနော့်ရဲ့ လောကခေတ်ဦး သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့တယ်..
အားလုံးကိုယ်စိတ်နှစ်ဖြာလန်းရွှင်ကြပါစေ။
Posted via Blogaway
Comments
Post a Comment