လင်းဆက်ပိုင် တကယ်ရူးသွားခြင်း
လင်းဆက်ပိုင်
ရင်ထဲမှာတုန်ဟီးထ တလှပ်လှပ်နဲ့
ဦးဏှောက်မှာလား စိတ်ထဲမှာလား
(မသိပါ)<%>
သိုလှောင်မိတဲ့စကားလုံး စီးချောင်းများ
နှုတ်ကဖွင့်ဟဖို့ အသံတွေမဲ့နေတယ်
သေသေချာချာစဉ်းစားတိုင်း
မဖြစ်နိုင်တာတွေသာ ဖွံ့ထွားကြီးရင့်လာ
ဘဝအခြေအနေတွေ ခြားနာလွန်း လွန်းတယ်
ဗလာတွေပြည့်နေတဲ့ ပိုင်ဆိုင်မှု့နဲ့
သူ့ကို ပြုစုပျိုးထောင်ပေးချင်တဲ့ စိတ်ရူးများ
တွေးနည်းပေါင်းစုံနဲ့ ဘယ်လိုတွေးတွေးပေါ့
(ဖြစ်နိုင်ခြေက....)
သူအကန်းတစ်ယောက်လို အချစ်ကိုယုံကြည်ပြီး
မိုက်ရဲ့တဲ့ သတ္တိရှိခဲ့ရင်တော့....
ကြမ်းရှတဲ့လောကလမ်းမှာ ကျနော်ပျော်ရမှာ...
ဒါက မဖြစ်နိုင်ဘူးလေ
၃၁သား သုံညကောင်ရဲ့ အိပ်မက်ဟာ ခါးနေဆဲပါပဲ
ဆက်လက်ခါးတူးပြစ်ဖို့လည်းရှိသေးရဲ့
ဘာလို့များ ငါ မကြုံဘူးတဲ့ယိုင်နဲ့ခြင်းတွေ ကြုံရတာလည်း
ဒီလို အချစ်မျိုးနဲ့ မိန်မငယ်တစ်ယောက်ကို ချစ်မိမယ်လို့
ဟားဟားဟား
အိပ်မက်ထဲတောင်ထည့်မမက်ဖူးဘူး
အခုဆောက်တည်ရာမဲ့နေတွေ
မရှူနိုင် မထွေးနိုင်
ဘာမှလည်း မသိတော့ပဲ ....
ဆန္ဒနဲ့ ဘဝထပ်တူကျခြင်း မကျခြင်းတွေ မတွေးသင့်တဲ့မေးခွန်းတွေ
ကျနော် ရူးသွားခြင်းသာ လိုချင်မိတယ်
အမှန်တကယ်ကို သွပ်သွပ်ခါသွားလည်းဖြစ်နိုင်တယ်
ငါ့ကိုယ်ငါ ဘယ်သူဆိုတာ မသိတော့ဘူးလေ
ဘတ္တကမ္ဘာမှာ အရူးတွေ အရူးတွေ
သူတို့ထက်ပိုရူးတဲ့ ကျနော်က အရူးလေး လေ
Comments
Post a Comment