ဆောင်းပုံပြင် ၂
လင်းဆက်ပိုင်
ဆောင်းနှင်းစက်တို့ မြောက်ပြန်လေနဲ့ဝေ့၀ှိက်ရောက်လာပါပြီ...
ငါ့ရဲ့အေးစက်သွားတဲ့ဆောင်းမီလင်းဖိုလေးရေ လွမ်းတယ်...
ဆောင်းအိပ်မက်တွေ ဂယောင်ကတန်းပါတဲ့လား...
နေ့စွဲလေးအတိကျဟာ ပြက္ခဒိန် ဟောင်းထဲမှာ ခိုက်ခိုက်တုန်နေဆဲပါကွယ်..။
ဒီဆောင်းမှာ နှင်းတွေခရမ်းရောင်၊ချယ်ရီတွေလည်းခရမ်းရောင်...
အိုးးးငါ့ရဲ့ဆောင်းခရမ်းပြာလေး မင်းတီထွင်ထားလို့
ငါ ခရမ်းရောင်နှင်းဆူးတွေငါချစ်တယ်..။
ဒီဇင်ဘာသီချင်းတွေ ဟိုးဝေးဝေးက ပျံ့လွင့်နေဆဲ.....
ရင်ဘတ်ကစို့တက်လာတဲ့ သတိရခြင်းနဲ့
အသက်ရှူမှု့တွေ မအေးချမ်းတော့ဘူးလေ...။
ဆောင်းမီးတောက် ရစ်သမ်များ
မြားအစင်းစင်း ငါ့ကို ထိုးစိုက်
ဒီဇင်ဘာ ကော့စ်တေးများ
ငါ့အိပ်မက်များ ရှည်လျားလွန်းကမ်းရိုးတန်းလို...။
Posted via Blogaway
Comments
Post a Comment