ပိုစ့်-ပိုစ့်မော်ဒန်လို ငါ့နားမလည်းခြင်းအလွမ်း
လင်းဆက်ပိုင်
ကျနော်က ၁၅၀၀ ထီပေါက်ပြီမှ လက်မှတ်ပျောက်တဲ့သူပါ...
ကိုကိုခေါ်သံ မကြားရတာ ပြက္ခဒိန် တစ်ပါတ်လောက်ရှိလျော့ထင့်...
အလွမ်းတွေ အကြမ်းဖက်လေတော့ နှလုံးသားလေး ကျွမ်းလုမတက် ဂွမ်းနေတယ်...။
စက္ကန့်အမျှ ရင်ခုန်သံက အခု ဗုံးသံလို နားတွေပေါက်ကွဲမတက်ပေါ့....
ဗုံးရှင်းလင်းရေ အပြုံးတို့ ဆက်သွယ်မှု့ဧရိယာပြင်ပ....
ဂြိုလ်တုစနစ် ကွန်ယက်များ ဘယ်သူ ဖြတ်တောက်ထားသလဲ...။
အနီးဆုံးရန်သူက ငါ့စိတ်ပဲ...
ငါ့ကိုယ်ငါ ဘယ်လိုရိတ်သိမ်းရပါ့ မ လဲ
အိုက်စပ်ပူပြင်သော ရေတံခွန်သီချင်းများ...
အချစ်တို့သီးပွင့်ဖို့ရာ ဥဒဟို စီးဆင်းမှု့မှာ
ဖြောင့်စင်းစွာ ကွေ့ဝိုက် .....။
ဒီကဗျာထဲမှာ လိင်ရမက်တို့မပါဘူး
အနုပညာလည်းမပါဘူး
စိတ်ထဲကအသံတွေ ချရေးခြင်းဖြင့် လိုင်းစီးထား
ပုံသေနည်းမရှိဆွဲထားတဲ့ ဖရိုဖရဲ ပန်းချီတစ်ချပ်လို...
ငါ့ကိုယ်ငါ နားမလည်းနိုင်ခြင်းနဲ့ ပိုဒ့်-ပိုဒ်မော်ဒန်ဆန်ပြစ်လိုက်ယုံနဲ့ စိတ်ဝင်စားစရာ လှလိုက်တယ်...။
Posted via Blogaway
Comments
Post a Comment